Home
နိုင်ငံတကာ
ကုလလူ့အခွင့်အရေးကောင်စီမှ အမေရိကန်နုတ်ထွက်၊ UNRWA အတွက် ရန်ပုံငွေထောက်ပံ့မှုရပ် 
DVB
·
February 5, 2025
Photo : Reuters

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန် နုတ်ထွက်ဖို့နဲ့ ကုလသမဂ္ဂ ပါလက်စတိုင်း ကယ်ဆယ်ရေးအေဂျင်စီ UNRWA အတွက် ရန်ပုံငွေထောက်ပံ့မှုကို ရပ်ထားဖို့ အမိန့်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၄ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

UNRWA က အစ္စရေးဆန့်ကျင်ရေး လှုံ့ဆော်နေပြီး သူ့ဝန်ထမ်းတွေက အစ္စရေးဆန့်ကျင်ရေး အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါ၀င်နေတယ်လို့ စွပ်စွဲထားတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ဝါရှင်တန်မြို့တော်ဆီ အလည်အပတ်ခရီးစဉ်နဲ့ ဒီလုပ်ရပ်က တိုက်ဆိုင်နေပါတယ်။

ပါလက်စတိုင်းတို့က အစ္စရေးနဲ့ ငြိမ်းချမ်းရေး ပြန်ဆွေးနွေးဖို့ လိုအပ်ပြီး သတ်မှတ်မထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ထရမ့်ပ်ရဲ့ ပထမသက်တမ်း ၂၀၁၇-၂၀၂၁ ခုနှစ်အတွင်း တောင်းဆိုခဲ့ဖူးပါတယ်။

UNRWA အတွက် ရန်ပုံငွေကိုလည်း ဖြတ်တောက်ခဲ့ရင်း သူ့တန်ဖိုးကို ထရမ့်ပ်က မေးခွန်းထုတ်ခဲ့ဖူးပါတယ်။

UNRWA ဟာ အရှေ့ဂျေရုဆလင်၊ ဆီးရီးယား၊ လက်ဘနွန်နဲ့ ဂျော်ဒန်တို့ အပါအဝင် ဂါဇာနဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေအတွက် အကူအညီတွေ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းကလည်း အဖွဲ့ဝင် ၄၇ ယောက်ပါ  ဂျီနီဗာအခြေစိုက်  လူ့အခွင့်အရေးကောင်စီကနေ  အမေရိကန်  နုတ်ထွက်ခဲ့ဖူးပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013