
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တွေမှာ ဆိုလာတပ်ဆင်အသုံးပြုနေတဲ့အိမ်တွေကို မြို့နယ်လျှပ်စစ်ရုံးအဖွဲ့ EPC ဝန်ထမ်းတွေက စာရင်းကောက်ယူနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မီတာဘေလ်စာရွက်ပေးချိန်မှာ တခါတည်းစာရင်းကောက်တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “၃ ရက်နေ့က မီတာစာရွက်ပေးရင်း မေးတာ။ ဆိုလာတပ်ထားလား။ ဘယ်နှစ်ဝပ်လဲ။ ဘယ်မှာတပ်ထားလဲ။ တပ်ထားတာကြာပြီလားတို့။ စာရွက်နဲ့ကို သပ်သပ်မေးသွားတာ။ ဒါတော့ပထမဆုံးပဲ။ အရန်မီးသတ်က လူတွေလည်းပါတယ်။ ၃၊ ၄ ဦး လောက်ရှိမယ်။ ဟိုတစ ဒီတစကြားရတာက ဆိုလာသမားတွေကိုပါ အခွန်သဘောမျိုးကောက်မယ်လို့ ကြားနေရတာ” လို့ ပြောပါတယ်။
မြောက်ဥက္ကလာ၊ ခြောက်ကွေ့၊ ကန်သာယာနဲ့ ဈဈေးက လျှပ်စစ်ပစ္စည်းဆိုင်ကြီးတွေမှာလည်း လတိုင်း ဆိုလာရောင်းချရတဲ့နှုန်းတွေ၊ ဆိုလာသုံး အားသွင်းစက်နဲ့ ဘက္ထရီတွေ၊ ဆိုလာမီးအိမ်တွေမှာ အာမခံ ရှိ မရှိနဲ့ မီးဘေးအာမခံကိစ္စတွေကို မေးမြန်းသွားတယ်လို့ သိရပါတယ်။
ဒါဟာ ဆိုလာနဲ့ပတ်သက်တဲ့စစ်တမ်းတခု ရအောင်လုပ်နေတာလည်း ဖြစ်နိုင်ပြီး ဒု စစ်ခေါင်းဆောင် စိုးဝင်ကလည်း လုပ်ငန်းရှင်တွေအနေနဲ့ ဆိုလာစနစ်နဲ့ တပိုင်တနိုင် လျှပ်စစ်ဓာတ်အားရအောင် လုပ်ကြဖို့ နေပြည်တော်မှာလုပ်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပွဲမှာ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေတန်ုးက ရန်ကုန်မှာ ၄ နာရီမီးလာ၊ ၈ နာရီပြတ်စနစ်နဲ့ လျှပ်စစ်မီးပေးခဲ့တာကြောင့် မြို့ခံတွေဟာ လျှပ်စစ်ရဖို့ တပိုင်တနိုင်ဆိုလာတွေတပ်ဆင်လာကြတာပါ။