
စစ်အာဏာရှင်ကို ရရာလက်နက်ဆွဲကိုင် ဆန့်ကျင်တော်လှန်နေကြတဲ့ မြန်မာပြည်တော်လှန်ရေးရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘယ်သူမှမကူညီဘဲ ကိုယ့်ထူးကိုယ်ချွန်ပြီးလုပ်ခဲ့တာ ဖြစ်တဲ့အတွက် အမေရိကန်ရဲ့ အထောက်အပံ့တွေရပ်သွားလည်း တော်လှန်ရေးက ရပ်သွားမှာမဟုတ်ဘူးလို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က ပြောကြားလိုက်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ပ် အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေထောက်ပံ့ရေးအစီအစဉ်တွေ ရပ်ဆိုင်းလိုက်တာကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ အမေရိကန်အစိုးရက အကူအညီပေးထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ၊ ကျန်းမာရေး၊ ပညာရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးပေးနေတဲ့ အကူအညီတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် မြန်မာ့နွေဦး တော်လှန်ရေးအပေါ်ရော ဘာတွေသက်ရောက်လာနိုင်လဲ ဆိုတာနဲ့ပတ်သက်လို့ အမေရိကန်စစ်တပ် အငြိမ်းစားဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်ကို ဒီဗွီဘီသတင်းထောက် ထက်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
(အပြည့်အစုံ)