Home
မြန်မာသတင်း
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု ( Data Story ) 
DVB
·
February 6, 2025
Photo-မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စာရင်းတွေအရ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃ သန်းနီးပါးတင်ပို့ခဲ့ပြီး အဆိုပါတင်ပို့မှုမှ ရငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပမာဏဟာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဆနီးပါး တိုးလာတာ ဖြစ်ပါတယ်။

ပြည်ပက ဆန်ဝယ်ယူမှုအများဆုံးနိုင်ငံတွေထဲ အင်ဒိုနီးရှားနိုင်ငံက အများဆုံးဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း တန်ချိန် ၇ သိန်းနီးပါးရှိပါတယ်။ ဆန်ကွဲကိုတော့ ဘယ်လ်ဂျီယမ်နိုင်ငံကို အများဆုံးတင်ပို့ခဲ့ရပြီး တန်ချိန် ၃ သိန်းခွဲကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လအလိုက် ဆန်နဲ့ ဆန်ကွဲတင်ပို့မှု အနေနဲ့ အောက်တိုဘာလမှာ အများဆုံးတင်ပို့နိုင်ခဲ့တာကိုတွေ့ရပြီး အမေရိကန်ဒေါ်လာ ၁၈၉ သန်းရရှိခဲ့ပါတယ်။

ဆန်နဲ့ဆန်ကွဲ တင်ပို့မှုလမ်းကြောင်းအနေနဲ့ ပင်လယ်ရေကြောင်းကနေ အဓိကတင်ပို့နေတာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း တင်ပို့မှုစုစုပေါင်းပမာဏရဲ့ ၉၈ ရာခိုင်နှုန်းအထိရှိနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို စစ်ကောင်စီက လက်လွှတ်ခဲ့ရပြီးနောက်မှာ နယ်စပ်ကနေ ဆန်တင်ပို့မှု သိသိသာသာကျဆင်းသွားတာကို တွေ့ရပြီး ၂၀၂၃ ခုနှစ်က နယ်စပ်ကနေ ဆန်တင်ပို့တဲ့ ပမာဏနဲ့ယှဉ်ရင် ၂၀၂၄ ခုနှစ်မှာ ၄ ဆကျော်လျော့နည်းသွားတာကိုတွေ့ရပါတယ်။

Source:  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013