၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့လူဦးရေ ၁၅ သန်းလောက်ဟာ ဆာလောင်ငတ်မွတ်မှုဒဏ်ကို ရင်ဆိုင်ရတော့မှာဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်တယ်။
ဒီအခြေအနေဟာဆိုရင် ပြီးခဲ့တဲ့ နှစ်ကထက် လူဦးရေ ၁၃ ဒသမ ၃ သန်းတိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စားနပ်ရိက္ခာမလုံလောက်မှုအတွက် အဆိုးရွားဆုံးရင်ဆိုင်နေကြရတယ်လို့လည်း WFP ကထုတ်ပြန်ပါတယ်။
ဒါ့ကြောင့်အခုနှစ်မှာ မြန်မာနိုင်ငံက လူဦးရေ ၃ ယောက်မှာ တယောက်နှုန်းနဲ့ ညီမျှတဲ့ သန်း ၂၀ သောအရေအတွက်ဟာဆိုရင် လူ သားချင်းးစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပဋိပက္ခတွေကြီးထွားလာတာ၊ ကူညီခွင့်တွေ ကန့်သတ်ခံရတာ၊ တိုင်းပြည်စီးပွားရေးပြိုလဲတာ၊ ရာသီဥတုဆိုင်ရာ အကျပ်အတည်း တွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက်အခုလို အခြေအနေတွေ ရင်ဆိုင်ရတာလို့ WFP ရဲ့ ဌာန ကိုယ်စားလှယ် မိုက်ကယ်ဒန်းဖော့ဒ်က မှတ်ချက်ပြုပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၃ သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပြီး အခုနှစ် ၂၀၂၅ မှာတော့ လူပေါင်း ၄ သန်းခွဲကျော်အထိ အိုးအိမ်မဲ့သူ ထပ်တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။