Home
မြန်မာသတင်း
စစ်ဘေးရှောင်များ အုပ်ချုပ်ရေးကို အကြောင်းကြားမှ  ထောက်ပံ့ငွေပေးမည်
DVB
·
February 5, 2025
refugee

ပြည်နယ်နဲ့တိုင်းအသီးသီးမှာရောက်နေတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားမှ ထောက်ပံ့ငွေပေးသွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှာ ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ Non CDM ဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူတွေကို  အမျိုးသားသဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေက ထောက်ပံ့သွားမှာဖြစ်ပြီး စစ်ဘေးရှောင်တွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းကို အကြောင်းကြားရမယ်လို့ ပြောဆိုခဲ့တာပါ။

ရန်ကုန်မှာ ရောက်နေတဲ့ စစ်ဘေးရှောင်တွေကတော့ အုပ်ချုပ်ရေးကိုအကြောင်းကြားပေမဲ့ ကူညီပေးတာမရှိသလို ခေတ္တခဏနေထိုင်ရေးအတွက်တောင် အတော်လေးဒုက္ခရောက်တယ်လို့ စစ်ရှောင်တယောက်က DVB ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်လို့ စစ်ရှောင်လာတာတောင် စစ်ရှောင်လာတဲ့နေရာက ထောက်ခံစာတောင်းတယ်၊ မပါရင် ၃ သောင်းပေးရတယ်။ စာရင်း ခဏခဏကောက်တယ်၊ ထောက်ပံ့ကြေးပေးဖို့မဟုတ်ဘူး ရန်ကုန်မှာ တခုခုဖြစ်ရင် စစ်ဆေးမေးမြန်းဖို့။”

တိုက်ပွဲဖြစ်ရာ အမ်းကနေ ဂွကိုစစ်ရှောင်လာပြီး ဂွမြို့မှာ တိုက်ပွဲထပ်ဖြစ်လို့ ဧရာဝတီတိုင်း ပုသိမ် မြို့ကို စစ်ရှောင်လာတဲ့ Non CDM ဝန်ထမ်းတယောက်ကလည်း အုပ်ချုပ်ရေးက စာရင်းကောက်ပြီး ဘာမှမလုပ်ပေးဘူးလို့ DVB ကို ပြောပါတယ်။

“စစ်ရှောင်တဦးကို ထောက်ပံ့ငွေ ၅ သောင်းပေးတယ်လို့ ရှမ်းမြောက်ကလူတွေပြောတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပေးလဲတော့ မသိဘူး။ ၅ သောင်းရဖို့ ဖြည့်ရတဲ့စာရွက်စာတမ်းတွေ ဖြေလိုက်ရတဲ့ မေးခွန်းအများကြီးပဲလို့ ပြောတယ်။ ပုသိမ်မှာလည်း စာရင်းကောက်တယ် ဘယ်တော့ ပေးမလဲတော့မသိဘူး။” 

မြန်မာနိုင်ငံတဝန်းက စစ်ဘေးရှောင်တွေကို ထောက်ပံ့ငွေပေးမယ်လို့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ်ကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့နေ့ ဇန်နဝါရီ ၂၀ ရက်မှာ စစ်တပ်ဘက်က ထုတ်ပြန်ကြေညာခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013