Home
မြန်မာသတင်း
KIA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထားသည့် ပန်ဝါမြို့တွင် အုပ်ချုပ်ရေးယန္တရား စတင် 
DVB
·
November 6, 2024

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ အထူးဒေသ ၁၊ ပန်ဝါမြို့မှာ အုပ်ချုပ်ရေး ယန္တရား စတင်နေပြီလို့ KIA အသိုက်အဝန်းဆီက သိရပါတယ်။

“ပန်ဝါမှာ အုပ်ချုပ်ရေး ယန္တရား စတင်နေပြီ။လက်တွေ့ လုပ်ငန်းခွင် ဝင်နေပြီ” လို့ KIA အသိုက်အဝန်းမှ အမျိုးသားတယောက်က ပြောပါတယ်။ 

အခုလောလောဆယ် ပန်ဝါပဲ အရင် အုပ်ချုပ်ရေး ယန္တရား စတင်နေတာဖြစ်ပြီး တခြား သိမ်းပိုက်ထားတဲ့ နေရာတွေမှာလည်း အုပ်ချုပ်ရေး ယန္တရား စတင်ဖို့ ပြင်ဆင်နေပြီဖြစ်ကာ ပန်ဝါ က လောက်တော့ မလှုပ်နိုင်သေးပေမယ့် အဆင်သင့‌ေတော့ ဖြစ်နေပြီလို့ သူက ပြောပါတယ်။

“ကျနော်တို့ ဗဟဌာနချုပ်ဘက်က ရဲတွေ ပန်ဝါဘက် ရောက်နေပြီ။ လုပ်ငန်းခွင် ဝင်ကြတော့မယ်။ ဌာန တော်တော် များ များက ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေ သွားလိုက်ကြပြီ" လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ 

အောက်တိုဘာ ၂၃ ရက်ခန့်ကတည်းက စစ်ရှောင်တွေကို ပြန်လည်ခေါ်ယူနေတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရှောင်တွေ အကုန် ပြန်လာနေကြပြီလို့ ဆိုပါတယ်။ 

ကချင်ပြည်နယ် အထူးဒေသ ၁ က စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ BGF (နယ်ခြားစောင့်တပ်) ပူးပေါင်း တပ်ဖွဲ့အခြေစိုက်ရာ ပန်ဝါမြို့ကို အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင် မှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က အလုံးစုံ သိမ်းပိုက်ခဲ့သလို ပန်ဝါမြို့အနီးက လုပ်ရွာအခြေစိုက် အမှတ် ၁ဝဝ၂ နယ်ခြား စောင့်တပ် (BGF) ဌာနချုပ်ကိုလည်း အောက်တိုဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၄ဝ လောက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024