
ပါကစ္စတန်အစိုးရဟာ နိုင်ငံရဲ့ ရေနံတင်သွင်းမှုအပေါ် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ပေးချေမှုကို ဆိုင်းငံ့ထားဖို့ ဆော်ဒီရန်ပုံငွေအဖွဲ့နဲ့ သဘောတူညီချက်တရပ်ကို ဖေဖော်ဝါရီ ၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
ဆော်ဒီရန်ပုံငွေအဖွဲ့ရဲ့ CEO စူလ်တန် ဘင် အဗ်ဒူရာမန် အယ်လ်မာရှဒ် ဦးဆောင်တဲ့ ရန်ပုံငွေအဖွဲ့ရဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှာရစ်ဖ် တက်ရောက်ခဲ့တာကို ပါကစ္စတန် အစိုးရပိုင် ရုပ်မြင်သံကြားမှာ တိုက်ရိုက်ပြသခဲ့ပါတယ်။
ရှာရစ်ဖ်က ရေနံတင်သွင်းမှု ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူညီချက်ကို ကြိုဆိုတယ်လို့ သူ့ရုံးက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်ဟာ ရွှေ့ဆိုင်းငွေပေးချေမှုအတွက် ရေနံကို တနှစ်စာ လက်ခံရရှိလိမ့်မယ်လို့လည်း ပြောပါတယ်။
ပါကစ္စတန်အနောက်မြောက်ပိုင်းက လူပေါင်း တသိန်းခွဲအတွက် သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး အထောက်အကူဖြစ်စေဖို့ ရေပေးဝေရေး အစီအစဉ်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၁ သန်း ထောက်ပံ့ပေးသွားမယ်လို့လည်း ရှရစ်ဖ်က ပြောခဲ့ပါတယ်။
Source : Reuters