
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ စစ်သွေးကြွတွေနဲ့တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ အရန်စစ်တပ်က တပ်ဖွဲ့ဝင် ၁၈ ယောက်ရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်က ကတ်တာမြို့မှာကျင်းပပြီး ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဆင်မ် မူနီယာ တက်ရောက်ခဲ့ပါတယ်။
ပါကစ္စတန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ မူနီယာဟာ သေဆုံးသွားတဲ့ တပ်မတော်သားတွေအတွက် ဈာပန ဆုတောင်းပွဲအပြီးမှာ ကက်တာစစ်ဆေးရုံမှာ ဒဏ်ရာရသူတွေကို သွားကြည့်ခဲ့ပါတယ်။
ဘာလိုချီစတန် ပြည်နယ်မှာ စစ်သွေးကြွတွေက ညလုံးပေါက်လမ်းပိတ်ဖို့ ကြိုးပမ်းခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေက အရံအတားတွေကို ဖယ်ဖို့ကြိုးပမ်းခဲ့လို့ တိုက်ပွဲတွေဖြစ်ခဲ့တာလို့ စစ်တပ်က ပြောခဲ့ပါတယ်။
စနေနေ့တရက်တည်းမှာ “ရှင်းလင်းရေး စစ်ဆင်ရေး” လို့ စစ်တပ်ကသတ်မှတ်ထားတဲ့ စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၁၁ ယောက် သေဆုံးခဲ့ပြီး ဘယ်အဖွဲ့ပါ၀င်တယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်စ် ရှာရစ်ဖ်က ဒီတိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အီရန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေတဲ့ သတ္တုကြွယ်ဝတဲ့ဒီပြည်နယ်ဟာ ခွဲထွက်ရေးလူမျိုး ဘာလို့ချ်နဲ့ စစ်သွေးကြွတွေ ဆယ်စုနှစ်တခုကြာသူပုန်ထနေတဲ့ နေရာတခု ဖြစ်ပါတယ်။
Source: Reuters