
လေဆိပ်အဆောက်အအုံတွေ၊ လောင်စာဆီသိုလှောင်တဲ့ နေရာတွေ၊ ခဲယမ်းမီးကျောက်တွေကို သိုလှောင်ရာနေရာတွေ အပါအဝင် ယူကရိန်းစစ်တပ် အခြေခံအဆောက်အအုံတွေကို လွန်ခဲ့တဲ့ရက်က တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်ကို ကိုးကားပြီး CCTV သတင်းဌာနက ဖေဖော်ဝါရီ ၃ ရက်မှာ ကြေညာခဲ့ပါတယ်။
ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံထုတ် HIMARS ဒုံးပျံအများအပြားကို ကြားဖြတ်ဟန့်တားခဲ့ပြီး ဒရုန်းဒါဇင်များစွာကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တိုက်ခိုက်ခဲ့တဲ့ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့က မွန်းလွဲပိုင်းအထိ ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲပေါင်း ဆယ်နဲ့ချီ ဖြစ်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ပေ့ါခ်ရော့ဗ်စ်ခ်နဲ့ ကူပျန့်စ်ခ်ဒေသ ရှေ့တန်းမျဉ်းတွေတလျှောက် သူတို့ရဲ့တပ်တွေကို ဆက်အာရုံစိုက်နေတာပါ။
ယူကရိန်းတပ်ဖွဲ့တွေကတော့ သူတို့ရဲ့ ခံစစ်နေရာတွေကို ထိန်းသိမ်းထားပြီး ရုရှားဘက်က တိုက်ခိုက်မှု အများအပြားကို ချေမှုန်းခဲ့တယ်လို့ ယူကရိန်းဘက်က ပြောခဲ့ပါတယ်။
Source : Reuters