
အက်စ်တန်ဗီလာအသင်းဟာ PSG အသင်းက စပိန်တိုက်စစ်ကစားသမား မာကိုအဆန်စီရိုကို အငှားစာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူပြီး နောက်တနေ့မှာပဲ တိုက်စစ်ကစားသမား အဆန်စီရိုကို ထပ်မံခေါ်ယူခဲ့တာပါ။
အသက် ၂၉ နှစ်ရှိ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းဟာ PSG နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ကျန်ရှိသေးပြီး ဗီလာအသင်းက ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။
ရာသီကုန်မှာ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီချက် မပါဝင်ဘဲ အဆန်စီရိုရဲ့ လုပ်ခတချို့ကို ဗီလာအသင်းက ပေးချေသွားရမှာ ဖြစ်ပါတယ်။
ဗီလာအသင်းဟာ တိုက်စစ်မှူး ဒူရမ်ကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်း ဆီရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူး ၂ ယောက်အထိ အင်အားဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters


