Home
အားကစား
PSG တိုက်စစ်မှူးကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် အာဆင်နယ်အသင်း စီစဉ်
DVB
·
December 26, 2024
Photo : Reuters

အာဆင်နယ်အသင်းဟာ PSG အသင်းတိုက်စစ်မှူး ကိုလိုမူအမ်နီကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အားထားရတဲ့ တောင်ပံကစားသမား ဆာကာက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမားတယောက် အားဖြည့်ဖို့ အာဆင်နယ်က စီစဉ်ထားတာပါ။

The Standard သတင်းစာရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ PSG တိုက်စစ်မှူး ကိုလိုမူအမ်နီကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့ ဖွင့်လှစ်တာနဲ့ စတင်ကမ်းလှမ်းသွားမယ်လို့ ဆိုပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ PSG နဲ့ ပြိုင်ပွဲစုံပွဲ ၄၀ မှာ ၉ ဂိုးပဲ သွင်းယူထားလို့ စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ ဝေဖန်ခံနေရပါတယ်။

အသက် ၂၆ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့မှာ ဂျာမန်ကလပ် ဖရန့်ဖတ်ကနေ ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013