Home
အားကစား
အာဆင်နယ်ကွင်းလယ်လူ ရိုက်စ်နှင့် ကလာဖီအိုရီတို့ ဒဏ်ရာမှ ပြန်ကောင်းလာ
DVB
·
December 22, 2024
Photo: Reuters/Matthew Childs

အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်နဲ့ နောက်ခံလူ ကလာဖီအိုရီတို့ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပါတယ်။

သူတို့နှစ်ယောက်ဟာ  ပြီးခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ကိုလွဲချော်ခဲ့ကြပြီး ခုတပတ်ကစားမယ့် ခရစ္စတယ်ပဲလေ့နဲ့  ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။

နောက်ခံလူ ကလာဖီအိုရီကတော့  ဒီဇင်ဘာ ၁ ရက်ကတည်းက မကစားနိုင်ခဲ့တာဖြစ်ပြီး သူ မကစားနိုင်ချိန်မှာ လူငယ်နောက်ခံလူ လီဝစ်စကယ်လီက ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

နောက်ခံလူ ဇင်ချန်ကိုဟာလည်း ပြန်ကစားနိုင်နေပြီဖြစ်တယ်လို့ နည်းပြအာတေတာ ကအတည်ပြုပါတယ်။

အာဆင်နယ်မှာ ဒဏ်ရာရ ကစားသမားတွေအနေနဲ့  ဘင်ဝှိုက်နဲ့ တိုမီယာဆုတို့ နှစ်ယောက်သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024