Home
မြန်မာသတင်း
မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တွေ့ဆုံ၊ မြန်မာ့အရေး ဆွေးနွေး
DVB
·
February 3, 2025
Photo: Anwar Ibrahim Facebook

မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နဲ့ တွေ့ဆုံပြီး လတ်တလော မြန်မာ့အရေးကိစ္စတွေ၊ ခရစ်ပ်တိုငွေကြေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့အကြောင်း Malay Mail သတင်းမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် အန်နဝါက အာဆီယံဥက္ကဋ္ဌရဲ့ အလွတ်သဘော အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ သက်ဆင်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအခြေအနေနဲ့ ခရစ်ပ်တိုငွေကြေးကိစ္စ ဖွံ့ဖြိုးတိုးတက်ရေးတို့ အပါအဝင် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့ကာ ညနေပိုင်းမှာတော့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ဂျ်ယိုးနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ ပြောလိုက်တာပါ။

ဒါပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘာတွေဆွေးနွေးခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။

လတ်တလောမှာတော့ မလေးရှားနိုင်ငံက ၁၉၆၇ ခုနှစ် အာဆီယံတည်ထောင်ပြီးနောက်ပိုင်း ပဉ္စမအကြိမ်မြောက် ဥက္ကဋ္ဌအနေနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်မှာ တရားဝင် တာဝန်ယူထားခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုတော့ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံကို အကူအညီပေးဖို့ အလွတ်သဘော အကြံပေးအဖြစ် ခန့်အပ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေးကိစ္စတွေ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့၊ အသစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်ထားတဲ့ အကြောင်းလည်း သိပ်မကြာခင်က ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013