Home
မြန်မာသတင်း
ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေး၊ အတုယောင်ရွေးကောက်ပွဲ ငြင်းပယ်ရန် မြန်မာသံအမတ်ကြီးတောင်းဆို
DVB
·
January 31, 2025
Photo: Reuters

အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ အတုယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြု ငြင်းပယ်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်   သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ဇန်နဝါရီ ၃၀ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက်မှာ  "မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အနာဂတ်ကို ကယ်တင်ဖို့"​ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်တော့မယ့်အချိန်မှာ ဒီကာလအတွင်း အပြစ်မဲ့ပြည်သူ ၆၀၀၀ ကျော် သေဆုံးပြီး လူ ၃ သန်းကျော် နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

၄ နှစ်တာအတွင်း မြန်မာပြည်သူတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ဒုက္ခဆင်းရဲတွေကို ကယ်တင်ဖို့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီတပ်ကို စစ်လက်နက်နဲ့ လေယာဉ်ဆီ စီဆင်းမှုရပ်တန့်အောင် ဝိုင်းဝန်းကြိုးပမ်းပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း မြန်မာစစ်တပ်အနေနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကနေတဆင့် အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးဖို့ နဲ့ အကြမ်းဖက်မှုတွေအားလုံးရပ်တန့်ဖို့ ဇန်နဝါရီ ၃၀ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013