
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် မာကို ရူဘီယို ဟာ ပနားမားနိုင်ငံကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ထွက်ခွာလာခဲ့ပြီး ပနားမားတူးမြောင်းကိစ္စကို ဆွေးနွေးဖို့ရှိပါတယ်။
သမ္မတထရမ့်ပ်က ပနားမားတူးမြောင်းကို ပြန်ထိန်းချုပ်ချင်တဲ့ကိစ္စကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်ပေါ်နေချိန် ဝန်ကြီးသစ်ရဲ့ ပထမဆုံးပြည်ပခရီးစဉ်အနေနဲ့ လက်တင်အမေရိကနိုင်ငံတွေကို ခရီးထွက်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပနားမားသမ္မတ မူလီနိုက တူးမြောင်းထိန်းချုပ်ခွင့်ကိစ္စကို ဆွေးနွေးဖို့တောင် လက်မခံနိုင်ဘူးလို့ ပြောထားပါတယ်။
ရူဘီယိုဟာ အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ ကော့စတာရီကာနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတို့ကိုလည်း သွားရောက်မှာဖြစ်ပြီး၊ တရားမဝင် ရွှေ့ပြောင်းအခြေချမှုတွေ တားဆီးရေးကိစ္စကို အဓိကဆွေးနွေးမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ သမ္မတထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် ဂရင်နယ်လ်က ဗင်နီဇွဲလားကို သွားရောက်ပြီး သမ္မတမာဒူရိုနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဓိကအားဖြင့် ဗင်နီဇွဲလားက ရာဇဝတ်သားတွေကို ပြန်လက်ခံဖို့နဲ့ အမေရိကန်အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ရူဘီယိုရဲ့ ခရီးစဉ်တလျှောက်မှာ တရုတ်နိုင်ငံရဲ့ လက်တင်အမေရိကမှာ လွှမ်းမိုးမှုတိုးလာနေတဲ့ ကိစ္စကိုလည်း ဆွေးနွေးသွားဖို့ရှိနေပါတယ်။
အမေရိကန် နိုငံခြားရေးဝန်ကြီးသစ်ဟာ ကျူးဘားနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားသူဖြစ်ပေမဲ့ လက်တင်အမေရိက ရွှေ့ပြောင်းတွေနဲ့ပတ်သက်လာရင် တင်းမာတဲ့ ထရမ့်ပ်ရဲ့ သဘောထားအတိုင်း ကိုင်တွယ်ရမယ့်သူ ဖြစ်လာပါတယ်။
Source: Reuters