Home
မြန်မာသတင်း
ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့ကို အမေရိကန် အခွန်တိုးမြှင့်ကောက်ခံ
DVB
·
February 2, 2025
Photo: REUTERS/Elizabeth Frantz

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ကို စနေနေ့ကစပြီး ပြည်ပသွင်းကုန်အခွန်တိုးမယ်လို့ အမေရိကန် အိမ်ဖြူတော်က ကြေညာပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မက္ကဆီကိုနဲ့ ကနေဒါကို ၂၅ ရာခိုင်နှုန်းစီနဲ့ တရုတ် ကို ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောတာပါ။

ဒါပေမဲ့ ကနေဒါရဲ့ လောင်စာဆီတင်ပို့မှုက ၁၀ ရာခိုင်နှုန်း အောက်သာ ရှိမှာဖြစ်ပြီး ဒီအခွန်စည်းကြပ်မှုဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖြစ်မယ်လို့ သောကြာနေ့မှာ ထရမ့်က ဆိုပါတယ်။

ဥရောပသမဂ္ဂက အမေရိကန်ကို ကောင်းကောင်းမဆက်ဆံလို့ အနာဂတ်မှာ ဥရောပကိုလည်း ပြည်ပသွင်းကုန်တင်ပို့မှုအခွန် တိုးမြှင့်မယ်လို့လည်း ထရမ့်ပ်က ပြောခဲ့ပါသေးတယ်။ 

ထရမ့်ကတော့ ဒီလိုအခွန်တိုးမြှင့်သတ်မှတ်တာက အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူတွေ များလာတာနဲ့ အိမ်နီးချင်းတွေရဲ့ ကုန်သွယ်မှုလိုငွေကြောင့်လို့ ထပ်ပြီးပြောပါတယ်။

အိမ်ဖြူတော်ကတော့ ဒီလို ပြည်ပသွင်းကုန်တိုးတာက သမ္မတက သူရဲ့ ကတိစကားအတိုင်း ပြုလုပ်တာဖြစ်တယ်လို့လည်း သောကြာနေ့မှာ ပြောခဲ့ပါတယ်။ 

မဲဆွယ်ကာလအတွင်း ထရမ့်က တရုတ်နိုင်ငံလုပ်ပစ္စည်းတွေကို အခွန် ၆၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ 

ဒါပေမဲ့ သမ္မတအဖြစ် ပထမဆုံးပြန်တာဝန်ယူတဲ့နေ့မှာ တရုတ်ရဲ့ ကုန်ပစ္စည်းတင်ပို့မှုကို လေ့လာဖို့ သူ့ရဲ့အဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ 

တရုတ်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ဟာ အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့တဲ့ အဓိကနိုင်ငံတွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကုန်ပစ္စည်းတင်ပို့မှု ၄၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ 

အမေရိကန်ရဲ့ ပြည်ပသွင်းကုန်အခွန်တိုးမြှင့်တာက ကုန်သွယ်မှုစစ်ပွဲဖြစ်ပေါ်လာနိုင်သလို အမေရိကန်မှာ ဈေးနှုန်းကြီးမြင့်လာမှာကို စိုးရိမ်မှုတွေလည်း တိုးနေပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013