ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၅ ယောက်ကို ထိုင်းစစ်တပ်နဲ့ အဖွဲ့စုံက ဇန်နဝါရီ ၃၀ ရက် ည ၇ နာရီကျော်မှာ ဖမ်းဆီးရမိပါတယ်။
အဆိုပါ တရုတ်အမျိုးသား ၅ ယောက်က မြဝတီမြို့မှာ အလုပ်သွားနေသူတွေဖြစ်ပြီး နေရပ်ကို ပြန်ချင်တာကြောင့် နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတာလို့ ထွက်ဆိုထားပါတယ်။
တရုတ်အမျိုးသား ၅ ယောက်ဟာ မြဝတီမှာ ဘာအလုပ်လုပ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့ အခုရက်ပိုင်းအတွင်း မြဝတီ ရွှေကုက္ကိုလ်ရှိ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူတွေရှိနေတာပါ။
အဆိုပါ တရုတ်နိုင်ငံသားတွေကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အထောက်ထားမဲ့ နေထိုင်မှု အပါအဝင် ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူဖို့ မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေး ဌာနထံ လွှဲပြောင်းပေးအပ်သွားပါတယ်။