ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဗေဒါပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။
ဗေဒါပင်ကို သိပ္ပံလို Eichhornia Crassipes လို့ခေါ်ပြီး အင်္ဂလိပ်လို Water Hyacinth လို့ ခေါ်ပါတယ်။
ဗေဒါသီးမှာ ပရိုတင်း၊ စုစုပေါင်း lipid (အဆီ)၊ ကာဗိုဟိုက်ဒရိတ်၊ စွမ်းအင်၊ Calcium Ca၊ Iron Fe၊ Magnesium Mg၊ Phosphorus P၊ Potassium K၊ Sodium၊ Na၊ Zinc၊ Copper Cu၊ Manganese Mn၊ Selenium Se၊ Thiamin၊ Riboflavin၊ Niacin၊ Pantothenic အက်ဆစ်၊ ဗီတာမင်ဘီ၊ ဖောလိတ်၊ ဖက်တီးအက်ဆစ်နဲ့ ဗေဒါပင်မှာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ပြာ စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ alkaloid၊ flavonoid၊ phenol၊ sterol၊ terpenoid၊ anthroquinones၊ အမိုင်နိုအက်ဆစ်၊ ဖလေဗိုနိုက်များ၊ glycoside၊ tannin၊ terpenoid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်မတည့်ခြင်းများကို သက်သာပျောက်ကင်းစေခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားနဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ အနာကျက်စေခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကင်ဆာနဲ့အဖုအကျိတ် ဆန့်ကျင်ခြင်း၊ ဘက်တီးရီးယားပိုးမွှားများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အသည်းကို ကာကွယ်ပေးခြင်း စတဲ့အာနိသင် ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ ဗေဒါပင်ရဲ့ အရွက်၊ အမြစ်နဲ့ အသီးတို့ကို သုံးစွဲကြပါတယ်။
ဗေဒါပင်မှာ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနဲ့ သဘာဝအနာကျက်ဆေး အာနိသင် ပါဝင်တာကြောင့် အပင်မှုန့်ကို ဆန်မှုန့်နဲ့ နနွင်းနဲ့ ရောကာ နှင်းခူနဲ့ အရေပြားနာများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ဗေဒါသီးစေ့ကိုလှော်ပြီး ကော်ဖီ ၁ ဇွန်းခန့်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ စားပေးခြင်းက ပျို့ခြင်း၊ အန်ခြင်းတို့ကို သက်သာစေပါတယ်။
ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် ဗေဒါပင်စည် ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ လည်ချောင်းနာခြင်းမှာ ဗေဒါသီးပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို ထန်းလျက် ၁ ခဲ ထည့်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
ဆီးပူညောင်းကျရောဂါအတွက် အရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
သတ္တုရည်ကို သံပရာရည်နဲ့ ရောစပ်ပြီး ပြည်တည်နာများကို လိမ်းပေးခြင်းက ရောင်ရမ်းမှုကို သက်သာပျောက်ကင်းစေပါတယ်။
အသီးကို ကြော်စားတာက အစာချေဖျက်မှုကို ကောင်းစေပြီး အစေ့က သရက်ရွက် ကျန်းမာစေတဲ့အပြင် ဆေးဖက်ဝင်အပင်ဟာ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဖောခြင်း၊ အူလမ်းကြောင်း၊ သန်ကောင်များနဲ့ လေပွခြင်းကို ကုသရာမှာလည်း လူသိများပါတယ်။
ဗေဒါပင်မှာ သွေးတွင်းမကောင်းတဲ့အဆီကို ကျစေတဲ့ဂုဏ်သတ္တိ ရှိတာကြောင့် ဗေဒါရွက်ကို လက်ဖက်ခြောက်ပြုလုပ်ပြီး ရေနွေးကြမ်း သောက်ပေးခြင်းဖြင့် သွေးတွင်း မကောင်းတဲ့ အဆီကြောင့် ဖြစ်တဲ့ သွေးတိုး၊ နှလုံး၊ လေငန်းရောဂါတို့ကို ကာကွယ်ပေးပါတယ်။
နို့တိုက်မိခင်များ ဗေဒါသီးပြုတ်ကို စားသောက်ပေးခြင်းဖြင့် နို့ကို လှိုင်လှိုင်ထွက်စေပါတယ်။
အမျိုးသမီးများ ရာသီမမှန်ခြင်း၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းများအတွက် ဗေဒါပန်းပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ချင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဗိုက်နာခြင်းအတွက် ဗေဒါပန်းပွင့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို နနွင်းမှုန့် ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အဆုတ်ရောင်၊ အဆုတ်ပွ ရောဂါအတွက် ဗေဒါအမြစ်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် ၁ ခွက်ကို ပဒဲကောမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
အသည်းရောဂါများအတွက် ဗေဒါအမြစ် သတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အားနည်းခြင်းများနဲ့ ရေဖျဉ်းစွဲခြင်းများမှာ ဗေဒါရွက်ပြုတ်ရည် တခါသောက် တဖန်ခွက်ကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဗေဒါရွက်ပြုတ်ရည် တဖန်ခွက်ကို တနေ့ ၁ ကြိမ် သောက်ပေးခြင်းဖြင့် ကိုယ်တွင်းရည်ကို ဟန်ချက်ညီစေပြီး သွေးကို သန့်စင်စေတာကြောင့် ကျန်းမာ လန်းဆန်းစေပါတယ်။
အဖျားရောဂါအတွက် အမြစ်ပြုတ်ရည် ရေနွေးကြမ်းကန်းပန် ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဗေဒါပင်မှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဓာတ်ပေါင်းများ ပါဝင်တာကြောင့် ဗေဒါရွက် အသင့်အတင့်ကို ပုံမှန်စားသုံးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။
သွေးတွင်း အဆီပမာဏကို လျှော့ချပေးနိုင်ပြီး ဗေဒါရွက်ကို ပုံမှန်စားသောက်ခြင်းက အသည်းအဆီဖုံးခြင်းကို တားဆီးပေးပါတယ်။
သန်ကောင်၊ တုတ်ကောင်ရောဂါများမှာ အရွက်မှုန့် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဗေဒါရွက်ကို ကြော်ချက် စားသောက်ခြင်းက အစာခြေခြင်းကို ကူညီပေးပါတယ်။
ထိခိုက်ရှနာများမှာ ဗေဒါရွက် သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။
သွေးစုနာ၊ ပြည်တည်နာများမှာ ဗေဒါရွက်ကို ညက်အောင်ထုထောင်းပြီး အုံထားပေးနိုင်ပါတယ်။
ဗေဒါရွက်ကို လုံလုံလောက်လောက် စားသုံးတာက အဝလွန်ခြင်းကို လျှော့ချနိုင်ပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါများကို လျှော့ချရာမှာလည်း ကူညီပေးတဲ့အပြင် သွေးပေါင်ချိန်ကို လျှော့ချပေးခြင်းနဲ့ အရိုးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
ဗေဒါပင်မှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ ဗေဒါစေ့ကို အစိမ်းစားခြင်းက အဆိပ်သင့်ပြီး အစာအိမ်ပြဿနာ ဖြစ်စေနိုင်ပါတယ်။ ဗေဒါသီးနဲ့ အစေ့ကို ပွက်ပွက်ဆူအောင်ပြုတ်ပြီး ပထမအရည်ကို သွန်ပစ်ပြီးမှ အသုံးပြုတာက အဆိပ်အတောက်များကို ကင်းစင်စေပါတယ်။ ဗေဒါပင်နဲ့ ဓာတ်တည့်သူများ ဗေဒါပင်ထွက် ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူများ ဗေဒါပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။