Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ကောက်ညှင်းငချိပ်ပင် ဆေးဖက်ဝင်
DVB
·
January 1, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကောက်ညှင်းငချိပ်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ကောက်ညှင်းငချိပ်ပင်ကို သိပ္ပံလို Oryza sativa လို့ခေါ်ပြီး အင်္ဂလိပ်လို Black Rice ,purple rice, forbidden rice, heaven rice လို့စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။ 

ကောက်ညှင်းငချိပ်မှာ Copper၊ ဗီတာမင် B2၊ ဗီတာမင် B3၊ ဗီတာမင် E၊ ဘီတာကာရိုတင်:၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ ခရိုမီယမ်၊ မန်းဂနိစ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အမျှင်ဓာတ်၊ သကြား၊ ဆိုဒီယမ် စတဲ့ အာဟာရသတ္တုဓာတ်တွေနဲ့ Proanthocyanidin,Anthocyanin, Proanthocyanidin ,Phenolic acid, ferulic acid၊ vanillic acid ,p-coumaric acid,flavonoid, amino acid၊ healthy fatty acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ မျက်စိကျန်းမာရေးကို အထောက်အကူပြုခြင်း၊ သဘာဝအတိုင်း gluten ကင်းစင်ခြင်း၊ ကင်ဆာကို ဆန့်ကျင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ကောက်ညှင်းငချိပ်ဆန်ကို သုံးစွဲကြပါတယ်။ ကောက်ညှင်းငချိပ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Anthocyanin, ferulic acid၊ vanillic acid နဲ့ p-coumaric acid, Proanthocyanidin တို့ပါဝင်ပြီး ကစီဓာတ်နည်းပြီး glycemic အညွှန်းကိန်းနည်းပါတယ်။

ကောက်ညှင်းငချိပ်မှာ riboflavin၊ niacin နဲ့ folic acid စတဲ့ ဗီတာမင်ဘီတွေပါဝင်လို့ စွမ်းအင်ထုတ်လုပ်မှုနဲ့ ဦးနှောက်ကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။ ဗီတာမင် Eပါဝင်လို့ ကိုယ်ခံ စွမ်းအားကို မြှင့်တင်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးပါတယ်။ Beta-carotene ပါဝင်တာကြောင့် မျက်စိအမြင်အာရုံအတွက် အကျိုးပြုပါတယ်။

ကောက်ညှင်းငချိပ်မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ တစ်သျှူးများပြုပြင်ခြင်း၊ ဆဲလ်ပြန်လည်ရှင်သန်ခြင်း၊ ကြွက်သားတည်ဆောက်ခြင်းနဲ့ ဟော်မုန်းထုတ်လုပ်မှုတို့အပါအဝင် ခန္ဓာကိုယ်ဆိုင်ရာလုပ်ငန်းဆောင်တာတွေအတွက် အရေးပါပြီး အမိုင်နိုအက်ဆစ်တွေက ပရိုတင်းနဲ့ ကြွက်သားအသစ်များဖွဲ့စည်းရာမှာ အထောက်အကူပြုပြီး လုံလောက်တဲ့ စွမ်းအင်အဆင့်ကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။

ကောက်ညှင်းငချိပ်မှာ ကယ်လစီယမ်၊ ဖော့စဖရပ်၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ သံနဲ့ ကြေးနီကဲ့သို့တဲ့ သတ္တုဓာတ်တွေက အရိုးကြံ့ခိုင်မှု၊ သွေးကျန်းမာရေး၊ ကိုယ်ခံစွမ်းအားနဲ့ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်သယ်ယူပို့ဆောင်ရေးကို ပံ့ပိုးပေးပါတယ်။

ကောက်ညှင်းငချိပ်မှာပါဝင်တဲ့ anthocyanin flavonoid၊ carotenoid ဟာ ဓာတ်ကြွင်းပစ္စည်းတွေ ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဓာတ်တိုးဖိစီးမှုကို တိုက်ဖျက်နိုင်ပြီး အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးရောဂါနဲ့ အချို့ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ 

ကောက်ညှင်းငချိပ်ကို ပုံမှန်စားသုံးတာက သွေးကြောများမှာ အန္တရာယ်ရှိတဲ့ အဆီများစုပုံခြင်းကိုလည်း ကာကွယ်ပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့သွေးတွင်းအဆီနဲ့ သွေးတွင်းဂလူးကို့စ်ပမာဏကို ထိန်းသိမ်းပေးကာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းနဲ့ သွေးကြောဆိုင်ရာရောဂါ လျှော့ချပေးပါတယ်။ 

ကောက်ညှင်းငချိပ်မှာ ဇီဇန်သင်း၊လူတင်၊ ဗီတာမင် E နဲ့ ကာရိုတင်းနွိုက်တွေက မျက်လုံးကျန်းမာရေးကို အထောက်အကူပြုတာကြောင့် အသက်အရွယ်နဲ့ဆိုင်တဲ့ မျက်ကြည်လွှာ ယိုယွင်းခြင်းမှ ကာကွယ်ပေးတဲ့အပြင် မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။

ကောက်ညှင်းငချိပ်မှာ အန်သိုဆိုက်ယာနင်နဲ့ တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ရောင်ရမ်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုဆန့်ကျင်တဲ့ ဓာတ်ပေါင်းတွေ ထုတ်လုပ်မှုကို တိုးမြင့်စေပါတယ်။ ခုခံအားကို အားကောင်းစေပြီး နာတာရှည်ရောင်ရမ်းတာနဲ့ ရောဂါပိုးကူးစက်တာတွေကို တိုက်ဖျက်ပေးပါတယ်။

ကောက်ညှင်းငချိပ်မှာရှိတဲ့ အန်သိုဆိုက်ယာနင်က ကင်ဆာဆဲလ် ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို ဟန့်တားနိုင်ပြီး ကင်ဆာဆဲလ်တွေက တခြားတစ်ရှူးတွေထံ ပျံ့နှံ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။

ကောက်ညှင်းငချိပ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသည်းထဲမှအန္တရာယ်ရှိတဲ့အဆီတွေကို လျှော့ချပေးတဲ့အပြင် အသည်းတစ်ရှူးတွေကို ပုံမှန်ပြန်လည်ကောင်းမွန်အောင် ကူညီပေးပြီး အသည်းကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

ကောက်ညှင်းငချိပ်မှာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းမှန်စေကာ ဝမ်းချုပ်တာကို ဟန့်တားပေးပြီး အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ဝမ်းပျက်ဝမ်းလျှောခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ကောက်ညှင်းငချိပ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝအဆိပ်ဖြေခြင်းလုပ်ငန်းစဉ်တွေကို ကူညီပေးပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ကောက်ညှင်းငချိပ်မှာ ပါဝင်တဲ့ အန်သိုဆိုက်ယာနင် အမိုင်နိုအက်ဆစ်တွေ အာဟာရတွေက မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနဲ့ သင်ယူမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက မှတ်ဉာဏ်စွမ်းရည်ကို ထိန်းသိမ်းရာမှာ ကူညီပေးတာကြောင့် အသက်အရွယ်ကြောင့် ဦးနှောက်ဆဲလ်များကျဆင်းမှုမှ ကာကွယ်ပေးပါတယ်။

ကောက်ညှင်းငချိပ်ဟာ glycemic အညွှန်းကိန်းနိမ့်ခြင်းနဲ့ ထူးခြားတဲ့ဂုဏ်သတ္တိတွေကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ကစီဓာတ်ကို ပိုမိုနှေးကွေးစွာ စုပ်ယူနိုင်ပြီး အင်ဆူလင် အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ဆီးချိုရောဂါရှိသူများအတွက် ကောက်ညှင်းငချိပ် အသင့်အတင့်ကို ပုံမှန်စားသုံးခြင်းဖြင့် ဆီးချိုထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။

ကောက်ညှင်းငချိပ် အသင့်အတင့် ပုံမှန် စားသောက်ပေးခြင်းက နှလုံးနဲ့ အသည်းလုပ်ဆောင်ချက်ကို မြှင့်တင်ပေးခြင်း၊ အစာချေဖျက်ခြင်း၊ ရောင်ရမ်းခြင်းကို တိုက်ဖျက်ခြင်း၊ မျက်စိနဲ့ ဦးနှောက်ကျန်းမာရေးကို ကာကွယ်ပေးခြင်း၊ ဆီးချိုရောဂါကို ထိန်းညှိပေးခြင်းနဲ့ ကင်ဆာကုထုံးများကို ပံ့ပိုးပေးခြင်းတို့ အပါအဝင် အထွေထွေကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။  

ကောက်ညှင်းငချိပ်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးခြင်းဖြင့် ကောက်ညှင်းငချိပ်မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ ဖြစ်တတ်ပါတယ်။ တချို့ ဓာတ်မတည့်သူတွေမှာ အရေပြားယားယံခြင်း ရောင်ရမ်းခြင်းနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကောက်ညှင်းငချိပ်နဲ့ ဓာတ်မတည့်သူများ ကောက်ညှင်းငချိပ်နဲ့ ပြုလုပ်တဲ့ အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူတွေ ကောက်ညှင်းငချိပ်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013