Home
မြန်မာသတင်း
ဒေါ်လာနှင့် ရွှေဈေး ပြန်ကျလာ
DVB
·
January 28, 2025

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းမှာ အမေရိကန်ဒေါ်လာဈေး ဆက်တိုက်ကျဆင်းနေပြီး ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် မနက်မှာ တဒေါ်လာကို ၄,၅၅၀ ကျပ်ဝန်းကျင်အထိ ပြန်ကျဆင်းနေတယ်လို့ နိုင်ငံခြား ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

၂၀၂၅ နှစ်စပိုင်းကစပြီး တောက်လျှောက်တက်လာတဲ့ ဒေါ်လာဈေးက ဇန်နဝါရီ ၁၅ ရက်မှာ တဒေါ်လာကို မြန်မာငွေ ၄,၈၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် တဖြည်းဖြည်း ဈေးပြန်ဆင်းလာတာ တွေ့ရပါတယ်။

ဒီကနေ့ ပြင်ပ နိုင်ငံခြားငွေဈေးကွက်မှာ အမေရိကန်တဒေါ်လာကို ဝယ်ဈေး ၄,၄၅၀ ကျပ်၊ ရောင်းဈေး ၄,၅၅၀ ကျပ်ဝန်းကျင်အထိ ပြန်ကျဆင်းနေတယ်လို့ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

အလားတူ ပြည်တွင်း အခေါက်ရွှေဈေးနှုန်းကလည်း တကျပ်သားကို ကျပ် ၆၇ သိန်းဝန်းကျင် ရှိရာကနေ ဒီကနေ့ မနက်ပိုင်းမှာ ကျပ် ၆၄ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ပြင်ပဒေါ်လာဈေးနဲ့ ရွှေဈေးတွေ ပြန်ကျလာချိန်မှာ စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ဇန်နဝါရီ ၂၄ ရက်က ထပ်မံရောင်းချပေးခဲ့ပါတယ်။

နိုင်ငံခြားငွေဈေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့ ဇန်နဝါရီလအတွင်း ဒေါ်လာ သန်း ၁၀၀ ကျော် ထုတ်ရောင်းထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်မှာတော့ အမေရိကန်တဒေါ်လာ ငွေလဲနှုန်းဟာ ကျပ် ၇,၀၀၀ ကျော်ထိ အမြင့်ဆုံးဈေးတန်း ရောက်ခဲ့ပြီး စစ်ကောင်စီ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေတွေ တောက်‌လျှောက် ထုတ်ရောင်းချပေးခဲ့ပြီးနောက်မှာ ဆက်တိုက်အကျရှိလာခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013