Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာ ၂၅ သန်း ထပ်မံ ထုတ်ရောင်း၊ ဒေါ်လာဈေး ကျရိပ်ပြလာ
DVB
·
January 16, 2025

စစ်ကောင်စီ ဗဟိုဘဏ်က ငွေလဲနှုန်း တဒေါ်လာကို ၃,၅၉၂ ကျပ်နှုန်းနဲ့ အမေရိကန်ဒေါ်လာ ၂၅ သန်း‌ကျော်ကို ဇန်နဝါရီ ၁၅ ရက်က ထပ်မံ ထုတ်ရောင်းခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးစျေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်‌တွေကို ဒေါ်လာ ၂၅ သန်း ရောင်းချပေးမယ်လို့ ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်အပြီး ၁၅ ရက်မှာ ထုတ်ရောင်းပေးခဲ့တာပါ။

နိုင်ငံခြားငွေဈေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့ ဇန်နဝါရီလ သီတင်း ၂ ပတ်ကျော်အတွင်း ဒေါ်လာ သန်း ၈၀ ကျော် ထုတ်ရောင်းထားပြီး ၂၀၂၅ နှစ်စပိုင်းကစပြီး တောက်လျှောက်တက်လာတဲ့ ဒေါ်လာဈေး၊ ရွှေဈေးတွေက ဒီနေ့ ပြန်အေးသွားပါတယ်။

မနေ့က ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးနှုန်းဟာ တဒေါ်လာ ၄,၇၀၀-၄,၈၀၀ ကျပ်အထိ ရောက်ခဲ့ပြီး ဒီနေ့မှာ ၄,၅၅၀-၄,၆၅၀ ကို ပြန်ကျနေပါတယ်။

အလားတူ ပြည်တွင်း အခေါက်ရွှေဈေးကလည်း ကျပ် ၆,၆၀၀,၀၀၀-၆,၇၀၀,၀၀၀ အထိ တက်ပြီးမှ ဒီနေ့ ၆,၅၀၀,၀၀၀-၆,၆၀၀,၀၀၀ ကို ပြန်ကျသွားတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024