Home
နိုင်ငံတကာ
EU က တရုတ်လုပ် EV အပေါ် စည်းကြပ်ခွန်တိုးမှု Tesla ကန့်ကွက်
DVB
·
January 28, 2025
Photo : CCTV

တရုတ်နိုင်ငံလုပ် လျှပ်စစ်ကား (EV) တွေအပေါ် EU က စည်းကျပ်ခွန် တိုးမြှင့်မှုကို ဥရောပသမဂ္ဂတရားရုံး (CJEU) မှာ ကန့်ကွက်တဲ့အမှုမှာ အီလွန်မတ်စ်ခ်ရဲ့ Tesla ကုမ္ပဏီဟာ ဂျာမန်ကုမ္ပဏီ BMW၊ တရုတ်ကုမ္ပဏီတွေနဲ့အတူ ဇန်နဝါရီ ၂၇ ရက်မှာ ပူးပေါင်း ပါဝင်လာခဲ့ပါတယ်။

ဒီကန့်ကွက်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မဟာမိတ်၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မတ်စ်ခ်နဲ့ ဥရောပသမဂ္ဂ (EU) အကြား ထိပ်တိုက်တိုးမှုတွေထဲက နောက်ဆုံးဖြစ်စဉ် ဖြစ်ပါတယ်။

ဇန်နဝါရီလ အစောပိုင်းမှာ မတ်စ်ခ်ရဲ့ လူမှုကွန်ရက် X မှာ တင်တဲ့ အကြောင်းအရာတွေကို စိစစ်မှုနဲ့ ပတ်သက်ပြီး EU က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။

တရုတ်လုပ် EV တွေအပေါ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ EU က စည်းကြပ်ခွန် ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

Tesla အတွက် နှုန်းထားကတော့ ပြိုင်ဘက်တွေထက် သက်သာနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ BYD၊ Geely၊ SAIC၊ တရုတ် စက်မှုနဲ့ လျှပ်စစ်ထုတ်ကုန် သွင်းကုန် ပို့ကုန် အသင်းချုပ် (CCCME)၊ ဂျာမန်ကားကုမ္ပဏီ BMW တို့နဲ့အတူ Tesla ကပါ ကန့်ကွက် လျှောက်ထားသူအဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013