တရုတ်ကမ်းခြေစောင့်တပ် (CCG) ဟာ တရုတ်နိုင်ငံ နန်းရှာကျွန်းစု တျန်းရှန်းကျောင်းကျွန်းနားက ရေပြင်ထဲကို တရားမ၀င် ကျူးကျော်ဝင်ရောက်လာတဲ့ ဖိလစ်ပိုင်သင်္ဘော ၂ စင်းကို နှင်ထုတ်လိုက်တယ်လို့ တရုတ်အစိုးရရုပ်သံ CCTV က ကြေညာပါတယ်။
သောကြာနေ့မှာ ဖိလစ်ပိုင်သင်္ဘော 3003 နဲ့ 3004 တို့ဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ တျန်းရှန်းကျောင်းကျွန်းနားက ရေပြင်ထဲကို ဝင်လာခဲ့တာပါ။
သင်္ဘောတွေဟာ သန္တာကျောက်တန်းပေါ် တရားမ၀င်ဆိုက်ကပ်ဖို့ ကြိုးပမ်းပြီး သဲနမူနာ ယူခဲ့ကြပါတယ်။ CCG က ဖိလစ်ပိုင်သင်္ဘောတွေကို တရားဝင်ကြားဖြတ်၊ ထိန်းချုပ်ရင်း ထွက်သွားဖို့ သတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ထျန်းရှန်း သန္တာကျောက်တန်း အပါအဝင် နန်းရှာကျွန်းစုနဲ့ ပတ်ဝန်းကျင်ရေပြင်အပေါ် အငြင်းပွားစရာမလိုတဲ့ အချုပ်အခြာအာဏာရှိတယ်လို့ CCG ပြောရေးဆိုခွင့်ရှိသူ လျိုတာ့ကျွင်းက စနေနေ့မှာ ပြောပါတယ်။
CCG ဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်အချုပ်အခြာအာဏာနဲ့ ပင်လယ်ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို ခိုင်ခိုင်မြဲမြဲ ကာကွယ်ဖို့ ဥပဒေနဲ့အညီ တရုတ်နိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရေပိုင်နက်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့ လျိုက ပြောခဲ့ပါတယ်။
Source : Reuters