ကုန်သွယ်ရေးစစ်ပွဲမှာ အောင်နိုင်သူမရှိဘူးလို့ တရုတ်အစိုးရက ဇန်နဝါရီ ၂၂ ရက်မှာ ထပ်ပြောလိုက်ပါတယ်။
အမေရိကန် အစိုးရက တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ဖို့ ဆွေးနွေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပြီးတဲ့နောက်မှာ ခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။
ဖန်တနောကို တရုတ်နိုင်ငံက မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က တဆင့် အမေရိကန်နိုင်ငံဆီ တင်ပို့ရခြင်း အကြောင်းရင်းကို ထရမ့်ပ်က ရှင်းပြခဲ့တာပါ။
တရုတ်ပြည်မကြီးအစိုးရဟာ သူ့ရဲ့ ရပ်တည်ချက်ကို ထပ်ခါတလဲလဲ ဖော်ပြခဲ့ပြီး အမျိုးသား အကျိုးစီးပွားကို အမြဲတမ်း အခိုင်အမာအကာအကွယ်ပေးထားတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။
ထရမ့်ပ်က သူ့ရဲ့ မဲဆွယ်ကာလအတွင်း ကတိပြုထားတဲ့ အတိုင်း ရာထူးတာဝန်ရယူပြီးတဲ့နောက် တရက်အကြာမှာ သူ့ရဲ့နောက်ဆုံး အကောက်ခွန်ခြိမ်းခြောက်မှုကို အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ထုတ်ပြောခဲ့တာပါ။
ဘဏ္ဍာရေးစျေးကွက်တွေနဲ့ ကုန်သွယ်ရေးအုပ်စုတွေဟာ အင်္ဂါနေ့မှာ ခဏ အသက်ရှူချောင်သွားခဲ့ပါတယ်။
ဒါပေမဲ့ထရမ့်ပ်ရဲ့ နောက်ဆုံး မှတ်ချက်တွေက တရုတ်နဲ့ ဥရောပသမဂ္ဂအပေါ် အကောက်ခွန်၊ ကနေဒါနဲ့ မက္ကဆီကိုအပေါ် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်တွေအတွက် ဖေဖော်ဝါရီ ၁ ရက်နောက်ဆုံးထား သတ်မှတ်မှုအသစ်တွေနဲ့ ပတ်သက်လို့ ပိုကျယ်ပြန့်တဲ့ အခွန်အကောက်တွေ အတွက် ထရမ့်ပ်ရဲ့ ရေရှည်ရပ်တည်ချင်တဲ့ ဆန္ဒကို အလေးပေးဖော်ပြခဲ့ပါတယ်။
Source: Reuters