Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတ ယွန်းကို နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲချက်တင်
DVB
·
January 27, 2025
Photo : Reuters

ရာထူးက ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို စစ်အုပ်ချုပ်ရေးကြေညာပြီး နိုင်ငံတော်ပုန်ကန်မှုတရပ်ကို ဦးဆောင်ခဲ့မှုနဲ့ ဇန်နဝါရီ ၂၆ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။

ရာထူးကဖြုတ်ချဖို့ သင့်၊ မသင့် ဖွဲ့စည်းပုံခုံရုံးမှာ ကြားနာစစ်ဆေးခံနေရတဲ့ ယွန်းဟာ တောင်ကိုရီးယားသမိုင်းမှာ ထိန်းသိမ်းခံထားရချိန် နိုင်ငံတော်ပုန်ကန်မှုနဲ့ စွဲချက်တင်ခံရတဲ့ ပထမဆုံးသမ္မတ ဖြစ်လာပါတယ်။

စစ်၊ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် အလားတူ နိုင်ငံတော်အဆင့် အကျပ်အတည်းတရပ်ရပ် မရှိပါဘဲနဲ့ ဒီဇင်ဘာ ၃ ရက်မှာ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့ တရားမဝင် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီး ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွန်နဲ့ အခြားသူတွေနဲ့ အတူ နိုင်ငံတော်ပုန်ကန်ဖို့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ စွဲချက်တင်တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာမှုကို မဲခွဲဖျက်သိမ်းမယ့် လွှတ်တော်အမတ်တွေ မဲပေးလို့မရအောင် ပါလီမန်အဆောက်အအုံကို စစ်တပ်တွေ စေလွှတ်ခဲ့မှုအတွက်လည်း ယွန်းကို စွပ်စွဲထားပါတယ်။

ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌ ဝူဝန်ရှစ်နဲ့ တခြား ပြိုင်ဘက်ပါတီခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတွေ အပါအဝင် အဓိက နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထိန်းသိမ်းဖို့ စီစဉ်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

ယွန်းကို ဇန်နဝါရီ ၁၉ ရက်က ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဝရမ်းသက်တမ်းတိုးကုန်ဖို့ တရက်အလိုမှာ အခုလို စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ရာထူးကြီးပုဂ္ဂိုလ်များ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံး (CIO) က သမ္မတယွန်းကို ဖမ်းဆီးစစ်ဆေးအပြီးမှာ စွဲချက်တင်ပိုင်ခွင့် မရှိတာကြောင့် ဥပဒေရုံးကို လွှဲခဲ့တာဖြစ်ပါတယ်။

ဥပဒေအရာရှိတွေဟာ ယွန်းကို ကိုယ်တိုင်စစ်မေးဖို့ ကြိုးစားခဲ့ပေမဲ့ သက်တမ်းတိုးမရတာကြောင့် အမှုစွဲတင်လိုက်တာ ဖြစ်ပါတယ်။

သံသယရှိသူကို ဖမ်းဆီးကာလအတွင်း စွဲချက်တင် တရားမစွဲဆိုနိုင်ဘူးဆိုရင် ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ရမန်ယူတာနဲ့ သဘောတူတဲ့ ဝရမ်းကာလကို ရက် ၂၀ တိုးအပြီးမှာ တရားရုံးက ထပ်တိုးပေးဖို့ ငြင်းခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013