တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ အချိန်တိုအတွင်း စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းဖို့ ကြိုးပမ်းမှုဟာ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်ကို စစ်ဆေးဖို့ဖြစ်တယ်လို့ သူ့ရှေ့နေက ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးမှာ ဇန်နဝါရီ ၂၁ ရက်က ကြားနာပွဲအပြီး သတင်းထောက်တွေကို ပြောပါတယ်။
ယွန်းဟာ အရင်ကလည်း ရွေးကောက်ပွဲကော်မရှင်က မမှန်မကန်လုပ်တာတွေ ရှိတယ်လို့ သက်သေမပြနိုင်ဘဲ အခိုင်အမာပြောရင်း စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာရတဲ့ အကြောင်းအရင်းအဖြစ် ကိုးကားပြောဆိုဖူးပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက် ယွန်းက တပ်စွဲထားတဲ့ တပ်ဖွဲ့တွေရဲ့ ပစ်မှတ်တခုဖြစ်တဲ့ အမျိုးသား ရွေးကောက်ပွဲကော်မရှင်က လိမ်လည်မှုစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ရွေးကောက်ပွဲစနစ်ဟာ ပွင့်လင်းမြင်သာပြီး ကြီးကြပ်မှုများစွာက ဘုတ်အဖွဲ့ရဲ့အထက်မှာ ရှိနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
အင်္ဂါနေ့ ကြားနာမှု စတင်ခါနီးမှာ တရားရေးအရာရှိချုပ် မွန်း ဟွှမ်ဘေးက ဆင့်ခေါ်တာခံရတဲ့ ယွန်းက လွတ်လပ်တဲ့ ဒီမိုကရေစီအတွက် ခိုင်မာတဲ့ ကတိကဝတ်နဲ့ ပြည်သူ့ဝန်ဆောင်မှုမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ယွန်းဟာ ဒီဇင်ဘာအစောပိုင်းမှာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ ကြိုးပမ်းရာက တဆင့် တော်လှန်ပုန်ကန်မှုမှာ ဦးဆောင်မှုဆိုတဲ့ သီးခြားရာဇဝတ်မှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
သူ့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် နိုင်ငံတဝန်း တုန်လှုပ်ချောက်ချားခဲ့ပြီး နာရီပိုင်းအတွင်း လွှတ်တော်က ကြေညာချက်ကို ပယ်ဖျက်ခဲ့ရပါတယ်။
Source : Reuters