ဖမ်ဆီးခံတောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ဆိုးလ်မှာ တရားရုံးကြားနာဖို့ ထိန်းသိမ်းထား တဲ့ နေရာကနေ ပထမဆုံးအကြိမ် ထွက်ခွာခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒီတပတ်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ယွန်းဟာ စနေနေ့က ထိန်းထားတဲ့ နေရာကနေ ပထမဆုံးအကြိမ် ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရပြီးနောက် စုံစမ်းရေးအရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသလို ပြီးခဲ့တဲ့ အပတ် အတွင်း တရားရုံးကို လာရောက်ခဲ့ခြင်းလည်း မရှိခဲ့တာ တွေ့ရပါတယ်။
ယွန်းဟာ နိုင်ငံဆူပူအုံကြွမှုဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ ဆွဲချက်တွေကို တရားရုံးမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ယွန်းဟာ တာဝန်ထမ်းဆောင်ဆဲအချိန်မှာ အဖမ်းခံရတဲ့ ပထမဆုံး တောင်ကိုရီးယားသမ္မတဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံဆူပူအုံကြွမှုဖြစ်စေတယ်ဆိုတဲ့ ဆွဲချက်နဲ့ ဖမ်းဆီးဖို့ ကြိုးစားမှုကို ၁ ပတ်ကြာ တောင့်ခံ ခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပတ်က အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
အသက် ၆၄ နှစ်ရှိ ယွန်းဟာ သမ္မတသက်တမ်း တဝက်မှာတင် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ယွန်းမှာ ပုဂ္ဂိုလ်ရေး မကောင်းသတင်းတွေ၊ အတိုက်အခံတွေနဲ့ သူ့ပါတီဝင်တွေအကြား စိတ်ဝမ်းကွဲမှု တွေက သူ့ကို အခက်တွေ့စေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source-Reuters