Home
နိုင်ငံတကာ
မေးမြန်းမှုများကို ဖြေကြားရန် ဖမ်းဆီးခံ တောင်ကိုရီးယားသမ္မတ ငြင်းဆို
DVB
·
January 16, 2025
Photo: Reuters

ဖမ်းဆီးခံ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ဇန်နဝါရီ ၁၆ ရက် စစ်ဆေးမေးမြန်းမှုကို မဖြေကြားခဲ့ဘူးလို့ သူ့ရှေ့နေက ပြောပါတယ်။

သမ္မတယွန်းဟာ မာရှယ်လောထုတ်ခဲ့မှုအတွက် ဖမ်းဆီးစစ်ဆေးခံနေရတာဖြစ်ပြီး နောက်ထပ် ငြင်းဆန်မှုတွေ ပြုလုပ်နေတာပါ။

ဒါဟာ တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် သမ္မတ အဖမ်းခံခဲ့ရတာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုတာကြောင့် ဆိုးလ်မှာရှိတဲ့ အကျဉ်းထောင်မှာ တယောက်တည်း ထိန်းသိမ်းခံထားရတယ်လို့ ခန့်မှန်းရပါတယ်။

အာဏာပိုင်တွေက ရာထူးရပ်ဆိုင်းခံထားရတဲ့ သမ္မတကို မေးမြန်းခွင့် ၄၈ နာရီ ရရှိထားပါတယ်။

အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စာမျက်နှာ ၂၀၀ ပါ မေးခွန်းတွေကို ယွန်းက ဖြေဆိုဖို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် ၁၀ စုနှစ်တွေအတွင်း အဆိုးရွားဆုံး နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

စုံစမ်းသူတွေရဲ့‌ မေးမြန်းမှုတွေကို ဖြေကြားဖို့ ငြင်းခဲ့တဲ့ ယွန်းရဲ့ အပြုအမူကြောင့် တရားရုံးချုပ်က သူ့ကို ရာထူးပြန်အပ်နှင်းမှာလား၊ သမ္မတရာထူးကနေ လုံးဝဖယ်ရှားမှာလားဆိုတာ ဆုံးဖြတ်ဖို့ ဒုတိယအကြိမ် ကြားနာမှုကို ရပ်ထားမှာဖြစ်ပါတယ်။

ယွန်းကို ထောက်ခံတဲ့ လူတချို့ကလည်း ထိပ်တန်းရာထူးတွေအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးရုံးမှာ စုဝေးပြီး သမ္မတကို ဖမ်းဆီးတာက တရားမဝင်ဘူးလို့ ဆိုပါတယ်။

တရားစီရင်ပိုင်ခွင့် လွဲမှားနေလို့ ယွန်းရဲ့ရှေ့တွေက ဖမ်းဝရမ်းက တရားဝင်မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013