Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတ ယွန်းကို ဆေးကုရန် စစ်ဆေးရုံဆီ ရွှေ့ပြောင်း
DVB
·
January 23, 2025
Photo: Reuters

တောင်ကိုရီးယားနိုင်ငံက စွပ်စွဲပြစ်တင်ပြီး ထိန်းသိမ်းခံထားရတဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးကို ဇန်နဝါရီ ၂၁ ရက်မှာ မြို့တော်ဆိုးလ်က ထိန်းသိမ်းရေးစင်တာဆီ ပြန်မပို့မီ ဆေးကုသမှုခံယူဖို့ စစ်ဘက်ဆေးရုံဆီ ပြောင်းရွှေ့ခဲ့ရတယ်လို့ တောင်ကိုရီးယား ယွန်ဟပ်သတင်း အေဂျင်စီက သတင်းထုတ်ပါတယ်။

ယွန်းနေတဲ့ စစ်ဆေးရုံအပြင် ဘက်မှာ ရဲအရာရှိတွေနဲ့ ဆိုင်ကယ်တွေကို ဒေသစံတော်ချိန် ည ၈ နာရီ ၄၁ မိနစ်အထိ မြင်တွေ့ခဲ့ရပါတယ်။ ယွန်းဟာ အင်္ဂါနေ့အစောပိုင်းမှာ သူ့ကို စွပ်စွဲပြစ်တင်မှုဆိုင်ရာ ခုံရုံးကြားနာပွဲကို တက်ရောက်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး အမိန့်ကို ကာလတိုအတွင်း လွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေကို ဆွဲထုတ်ဖို့ တပ်မတော်က တပ်မှူးတွေကို အမိန့်ပေးခဲ့တယ်ဆိုတဲ့အချက်ကို ယွန်းက ငြင်းဆို ခဲ့ပါတယ်။

ယွန်းဟာ ဒီဇင်ဘာအစောပိုင်းမှာ စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းဖို့ ကြိုးပမ်းမှု၊ သောင်းကျန်းသူကို ဦးဆောင်မှုတို့နဲ့ သီးခြားရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတခုအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်က တည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

သူ့ရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေ ပြဋ္ဌာန်းချက်ကြောင့် နိုင်ငံတော်ကို တုန်လှုပ်စေခဲ့ပြီး နာရီပိုင်းအတွင်း လွှတ်တော်​က သမ္မတရဲ့ ကြေညာချက်ကို ပယ်ဖျက်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013