ကိုလံဘီယာ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) သူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် မဖြစ်မနေ နေရပ်စွန့်ခွာရသူတွေ အရေအတွက်ဟာ ၃၂,၀၀၀ အထိ များပြားလာတာကြောင့် ကိုလံဘီယာ ရှေ့နေချုပ်ရုံးဟာ ဇန်နဝါရီ ၂၂ ရက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ ELN သူပုန်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
စေ့စပ်ဆွေးနွေးမှုတွေမှာ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ELN ကိုယ်စားလှယ် ၃၁ ယောက်အတွက် ဆိုင်းငံ့ထားတဲ့ ဖမ်းဝရမ်းတွေကို ပြန်လည်ရုပ်သိမ်းကြောင်း ရှေ့နေချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး “ဖမ်းဝရမ်း ဆိုင်းငံ့ခြင်းဆိုင်ရာ အခြေအနေများကို မလိုက်နာခြင်းနဲ့ အထူးသဖြင့် ELN အဖွဲ့ဝင်တွေရဲ့ ရာဇ၀တ်မှုအသစ်တွေကို ကျူးလွန်ခြင်းတွေကြောင့်” လို့ ဆိုထားပါတယ်။
လတ်တလောနှစ်တွေအတွင်း ကိုလံဘီယာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီး ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံနဲ့ အရှေ့ဘက်နယ်စပ်တလျှောက်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ လူကုန်ကူးမှုအတွက် မဟာဗျူဟာအရလို့ သတ်မှတ်ထားတဲ့ ကာတာတမ်ဘိုဒေသမှာ ပြီးခဲ့တဲ့သီတင်းပတ်က အကြမ်းဖက်မှုတွေ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။ ဒီသီတင်းပတ်ကုန်မှာ လူ ၈၀ လောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားပါတယ်။
နေရပ်ရှောင် ၃၂,၀၀၀ ထဲမှာ ကူကူတာဒေသက လူ ၁ သောင်းခွဲလောက်နဲ့ အများဆုံးဖြစ်ပြီး အိုကာနာဒေသက လူ ၁၁,၀၀၀ ကျော်၊ တီဘူးဒေသက ၅,၃၀၀ လောက်နဲ့ ကာတာတမ်ဘိုရဲ့ တခြားမြို့နယ်တွေမှ လူအုပ်စုငယ်တွေ ဖြစ်ကြတယ်လို့ လူ့အခွင့်ရေးတာဝန်ခံ အိုင်းရစ် မာတင် အော်တစ်ဇ်က ပြောပါတယ်။
ပြည်သူ့တပ်ဖွဲ့တွေနဲ့ ကုလသမဂ္ဂရဲ့ စစ်ဆင်ရေးတွေဟာ အန္တရာယ်အကျရောက်ဆုံးသူတွေကို ဆွဲထုတ်ခေါ်ယူနိုင်ဖို့ ဆက်လုပ်နေကြောင်းလည်း ဆိုပါတယ်။
သမ္မတ ဂူစတာဗို ပေထရိုက လူပေါင်း ၄ သိန်းခွဲလောက် သေဆုံးခဲ့ကြရတဲ့ နှစ်ပေါင်း ၆၀ ကြာ ပဋိပက္ခကို ရပ်တန့်ဖို့ ကြိုးပမ်းနေမှုဟာ အချည်းနှီး ဖြစ်သွားရတာကြောင့် ငြိမ်းချမ်းရေးနဲ့ လက်နက်ချရေး သဘောတူညီချက်တွေကို ကတိပြုခဲ့တဲ့ သမ္မတ ပေထရိုဟာ သူပုန်အဖွဲ့အချင်းချင်း တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီ ၁၇ ရက်က ELN နဲ့ ဆွေးနွေးပွဲတွေကို ဆိုင်းငံ့ခဲ့ပြီး တိုက်ခိုက်ရေးသမားဟောင်းတွေနဲ့ အရပ်သားအသိုက်အဝန်း ခေါင်းဆောင်တွေကို ဆွေးနွေးပွဲက ရပ်စဲလိုက်တာ ဖြစ်ပါတယ်။
ELN သူပုန်အဖွဲ့ကတော့ သူတို့ရဲ့ထိုးစစ်ဟာ အရင်က FARC သူပုန်အဖွဲ့နဲ့ သူတို့ကို ထောက်ခံတဲ့ သူပုန်တွေကို ဖြိုခွင်းခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အရပ်သားတွေကို တိုက်ခိုက်တယ် ဆိုခြင်းအပေါ် ငြင်းဆန်ထားပါတယ်။
FARC သူပုန် အဖွဲ့ဟောင်းဟာ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချခဲ့ပေမဲ့ လက်ရှိအစိုးရနဲ့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
လုံခြုံရေးသတင်းရင်းမြစ်တွေကတော့ ELN သူပုန်အဖွဲ့ဟာ သူ့ရဲ့ စစ်ရေးအင်အား ခိုင်မာစေဖို့နဲ့ နယ်မြေချဲ့ထွင်ဖို့အတွက် ပေထရို အစိုးရနဲ့ သူ့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အသုံးချခဲ့တာလို့ ဝေဖန်ပြောဆိုကြပါတယ်။
Source: Reuters