
ကိုလံဘီယာနိုင်ငံမှာ ပြောက်ကျားအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသတွင်း အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။
ကိုလံဘီယာ အရှေ့မြောက်ပိုင်းမှာ ပြည်တွင်းရေး မငြိမ်သက်မှုနဲ့ စီးပွားရေး အခက်အခဲကာလအဖြစ် သမ္မတ ပတ်ထရိုက ကြေညာထားပါတယ်။
အမျိုးလွတ်မြောက်ရေးတပ်နဲ့ ကိုလံဘီယာ တော်လှန်ရေးအင်အားစု အဖွဲ့ခွဲတို့ တိုက်ပွဲဖြစ်ပွားနေပြီး လူ ၈၀ သေဆုံးက လူ ၁၁,၀၀၀ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
ဆိုရှယ်မီဒီယာမှာ ပတ်ထရိုက ကာတာတမ်ဘို ဒေသမှာ စီးပွားရေးနဲ့ ပြည်တွင်းရေး မငြိမ်သက်မှုတွေ ရှိတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
စီးပွားရေး အခက်အခဲဖြစ်မှုတွေကြောင့် သမ္မတက အဲဒီဒေသမှာ ဘဏ္ဍာရေးဆိုင်ရာ အရင်းအနှီးတွေ အလျှင်အမြန် ထုတ်ပေးခဲ့ရပါတယ်။
ကာတာလမ်ဘိုဒေသမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာပါတယ်။ ဒါဟာ ELN အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရပ်ဆိုင်းတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပေးခဲ့တာကြောင့် အကြမ်းဖက်မှုတွေ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။
Source : Reuters