
စပိန်နိုင်ငံ၊ ဘာစီလိုနာဆိပ်ကမ်းမှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာကြောင့် လူတယောက် သေဆုံးသွားပြီး တခြားသူတယောက် ထိခိုက်ခဲ့ကြောင်း ကက်တာလိုနီးယား အရှေ့မြောက်ပိုင်းရှိ အရေးပေါ်ဝန်ဆောင်မှုဌာနက ဇန်နဝါရီ ၂၁ ရက်မှာ ပြောကြားပါတယ်။
ပေါက်ကွဲမှုဟာ ဓာတုပစ္စည်းတွေ၊ သဘာဝဓာတ်ငွေ့နဲ့ သန့်စင်ပြီး ရေနံထွက်ပစ္စည်းတွေကို တင်ဆောင်နေတဲ့ အန်နာဂျီ ဝေါ့ဖ် အမည်ရှိ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့တာလို့ အရေးပေါ်ဝန်ဆောင်မှုဌာနက X လူမှုကွန်ရက် ပို့စ်တခုမှာ ရေးထားပါတယ်။
ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၀ မိနစ်လောက်မှာ သယ်ယူပို့ဆောင်ရေးကန် ပေါက်ကွဲမှုကြောင့် မီးလောင်မှု သတိပေးချက် ရရှိခဲ့ကြောင်း ဘာစီလိုနာမြို့တော်ခန်းမက ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အဲဒီနောက် ဓာတုအန္တရာယ် အရေးပေါ်အစီအစဉ်ကို ပြောင်းလဲ အသက်သွင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒေသထဲက ကုမ္ပဏီတွေဟာ ကြိုတင်ဆောင်ရွက်မှုအဖြစ် ဝန်ထမ်းတွေကို ထိန်းသိမ်းထားဖို့ အမိန့်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
Source : Reuters