
ကျူးဘားနိုင်ငံအရှေ့ပိုင်း အော်လ်ဂင်းန်ပြည်နယ်က ရာဖဲလ် ဖရေရေ မြူနီစီပယ်နယ်မြေရှိ လက်နက်နဲ့ ခဲယမ်းမီးကျောက် ဂိုဒေါင်တခုမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျူးဘားစစ်သား ၁၃ ယောက် ပျောက်ဆုံးနေတယ်လို့ ကျူးဘားနိုင်ငံပိုင် မီဒီယာက ဇန်နဝါရီ ၇ ရက် နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့အစောပိုင်းက ပေါက်ကွဲမှုတွေကြောင့် ဟာဗားနားရဲ့ အရှေ့ဘက် မိုင် ၄၅၀ အကွာရှိ မယ်လို့နစ်စ် ကျေးလက်အသိုက်အဝန်းကို တုန်ခါသွားစေခဲ့ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက မီးလောင်မှုကြောင့် ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ အရာရှိ ၄ ယောက်နဲ့ စစ်သား ၉ ယောက် ပါဝင်ကြောင်း ကျူးဘားစစ်တပ်က ကြေညာခဲ့ပါတယ်။
ပျောက်ဆုံး စစ်သည်၊ အရာရှိတွေရဲ့ မိသားစုဝင်တွေကို ချက်ချင်း အကြောင်းကြားထားပြီး ပါတီ၊ အစိုးရနဲ့ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ဒီအခြေအနေကို တတ်နိုင်သမျှ အာရုံစိုက်ပြီး ဖြစ်ရပ်ဖြစ်ပွားရာနေရာမှာ အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Source : Reuters