
စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၉ ရက်က ကနေရီကျွန်းစုတွေကနေ ၇ မိုင် အကွာမှာ သွားလာနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၈၅ ယောက်ကို ကယ်ဆယ်ခဲ့ပါတယ်။
ဆာဟာရ သဲကန္တာရ တောင်ဘက်ရှိ အာဖရိကဒေသမှ လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ဂရန်းကနေရီယာကျွန်းပေါ်ရှိ အာရ်ဂင်းနဂင်း ဆိပ်ကမ်းမှာ အကူအညီတွေ ပေးခဲ့ပါတယ်။
အာဖရိက အနောက်မြောက်ပိုင်း အတ္တလန္တိတ်ကမ်းရိုးတန်း ကမ်းလွန်ရှိ စပိန်ကျွန်း ၇ ခုဟာ အများစု မာလီ၊ ဆီနီဂေါနဲ့ မော်ရိုကိုနိုင်ငံတွေကနေ လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံနိုင်ဖို့ ရုန်းကန်နေရပါတယ်။
ကျွန်းစုဟာ ၂၀၂၄ ခုနှစ်မှာ လူပေါင်း ၄၆,၈၄၃ ယောက် ဆက်တိုက်ရောက်ရှိလာကြပြီး စပိန်နိုင်ငံကို တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ၇၃ ရာခိုင်နှုန်းနဲ့ ဒုတိယနှစ်မှာ တနှစ်လုံးရဲ့ အမြင့်ဆုံးနှုန်း ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးရ အချက်အလက်တွေအရ သိရပါတယ်။
Source : Reuters