Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ပူတင် မညှိနှိုင်းပါက ရုရှားကို ဒဏ်ခတ်မည်ဟု ထရမ့်ပ်ပြော
DVB
·
January 22, 2025
Photo-Reuters

တကယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ညှိနှိုင်းဖို့ ငြင်းဆိုတယ်ဆိုရင် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၁ ရက်မှာ ပြော ပါတယ်။

ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားတာဆိုတော့ တကယ်လို့ ဗလာဒီမာပူတင်က ညှိနှိုင်းရေးစားပွဲကို ရောက်မလာခဲ့ဘူးဆိုရင် ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ထည့်မှာလားဆိုတဲ့ သတင်းထောက်ရဲ့မေးခွန်းကို ထရမ့်ပ်က ဖြေကြားသွားတာပါ။

နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ ပိတ်ဆို့အရေးယူမှု အသေးစိပ်အချက်အလက်တွေကိုတော့ ထရမ့်ပ် က မပြောခဲ့ပါဘူး။

ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကျူးကျော် ဝင်ရောက်မှုအတွက် အမေရိကန်က ရုရှားကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူထားပြီး ဖြစ်ပါတယ်။

အခုက ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးနဲ့ စကားပြောဆိုနေပြီး သိပ်မကြာခင်မှာ သမ္မတ ပူတင်နဲ့ စကားပြောဖို့ရှိကြောင်းလည်း ထရမ့်ပ်က ပြောပါတယ်။

စစ်ပွဲကို လုံးဝ မစသင့်ကြောင်းနဲ့ နိုင်ငံမှာ အရည်အချင်းရှိတဲ့ သမ္မတတယောက်ရှိရင် စစ်ပွဲဖြစ်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

သူသာ သမ္မတ ဆိုရင် ယူကရိန်းစစ်ပွဲက လုံးဝဖြစ်လာမှာ မဟုတ်ကြောင်းနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲက မဲဆွယ်လို့ ရနေတာပဲလို့ ထရမ့်ပ်က ပြောပါတယ်။

ယူကရိန်းကို လက်နက်တွေပေးပို့ရေးကိစ္စကိုလည်း သူ့အစိုးရအဖွဲ့က ကြည့်ရှုနေကြောင်း ထရမ့်ပ် က ပြောကြားခဲ့ပြီး ယူကရိန်းကို ထောက်ပံ့ဖို့ ဥရောပသမဂ္ဂအနေနဲ့ ဒီထက်ပိုပြီး လုပ်ဆောင်သင့်တယ်လို့လည်း သူ့ရဲ့အမြင်ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဘိုင်ဒင်လက်ထက်မှာ အမေရိကန်က ပေးနေတာဟာ ဥရောပသမဂ္ဂထက် ဒေါ်လာ ဘီလီယံ ၂၀၀ ပိုများနေတာကြောင့် အမေရိကန်နဲ့ သမုဒ္ဒရာပဲ ခြားထားတဲ့ ဥရောပသမဂ္ဂအနေနဲ့ တန်းတူညီမျှ ဖြစ်သင့်ကြောင်းနဲ့ ဒါပေမဲ့ ဥရောပသမဂ္ဂက ကုန်သွယ်ရေးမှာ အမေရိကန်ကို အခွင့်ကောင်းယူနေတယ်လို့လည်း အမေရိကန် တကျော့ပြန်သမ္မတ ထရမ့်ပ်က ပြောသွားပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013