Home
နိုင်ငံတကာ
အမေရိကန်တွင် TikTok ဝန်ဆောင်မှု ပြန်လည်စတင်
DVB
·
January 20, 2025
Photo : Reuters

သမ္မတထရမ့်ပ်ရဲ့ အားထုတ်မှုကြောင့် အမေရိကန်မှာ TikTok ပြန်လာပါပြီလို့ ကြေညာပြီး ဇန်နဝါရီ ၁၉ ရက်မှာဘဲ  TikTok ဝန်ဆောင်မှု ပြန်လည်စတင်ခဲ့ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်တို့မှာ ရွေးချယ်စရာမရှိပါဘူး။ ကျုပ်တို့ ကယ်တင်မှရမယ်” လို့ ကျမ်းကျိန်ပွဲမတိုင်မီ စုဝေးပွဲမှာ ထရမ့်ပ်က ပြောကြားပါတယ်။

အမေရိကန်မှာ လူ သန်း ၁၇၀ သုံးစွဲနေတဲ့ TikTok ကို အမေရိကန်က ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု JV ပုံစံလုပ်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

တရုတ် ByteDance သီးသန့်မဟုတ်သလို လုပ်ငန်းတခုလုံး ရောင်းလိုက်ရတာမျိုးလည်း မဟုတ်တဲ့ ကြားချတဲ့ JV ပုံစံသွားဖို့ ရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန်က App စတိုးတွေမှာတော့ ဒေါင်းလုပ် လုပ်လို့ မရသေးပါဘူး။

အမေရိကန် သန်း ၁၇၀ နဲ့ အသေးစားလုပ်ငန်း ၇ သန်း လည်ပတ်နိုင်ရေး TikTok ကို အသက်ဝင်နိုင်ဖို့ ဝန်ဆောင်မှုပေးသူတွေကို ဘာပြစ်ဒဏ်မှ မထိစေရဘူးလို့ ထရမ့်ပ်က အာမခံပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ TikTok က ထုတ်ပြန်ပါတယ်။

TikTok ဟာ အမေရိကန်စံတော်ချိန်အရ စနေနေ့ည သန်းခေါင်ယံမရောက်မီမှာ ပိတ်ချလိုက်တာဖြစ်ပြီး နောက်တနေ့မှာ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

TikTok ကို ဆက်လက်လည်ပတ်အောင် ကူညီပေးတဲ့ ဘယ်ကုမ္ပဏီမဆို ပေးလျော်ဖို့ တာဝန်မရှိစေဖို့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ထုတ်ပေးမယ်လို့ ထရမ့်ပ်က ကတိပေးခဲ့ပါတယ်။

ထရမ့်ပ်ဟာ ပထမသက်တမ်းတုန်းက TikTok ကို ပိတ်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ အခုအခါမှာ ရပ်တည်ချက်ပြောင်းသွားတာ ဖြစ်ပါတယ်။

၂၀၂၄ ရွေးကောက်ပွဲမှာ လူငယ်မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ဖို့ TikTok က ကူညီပေးခဲ့တဲ့အတွက် သူ့နှလုံးသားမှာ TikTok အတွက် နွေးထွေးတဲ့နေရာ ရှိတယ်လို့လည်း ထရမ့်ပ်က ပြောခဲ့ဖူးပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013