အမေရိကန်ပြည်ထောင်စုမှာ TikTok လူမှုကွန်ရက် အလုပ်မလုပ်တော့ဘဲ ရပ်ဆိုင်းသွားသလို Apple နဲ့ Google ရဲ့ App Store တွေကနေလည်း ပျောက်ကွယ်သွားပါတယ်။
TikTok နဲ့အတူ တရုတ်ကုမ္ပဏီ ByteDance က ပိုင်တဲ့ Capcut ဗီဒီယိုတည်းဖြတ် အက်ပ်နဲ့၊ လူမှုကွန်ရက်တမျိုးဖြစ်တဲ့ Lemon8 (လီမွန်နိတ်) ပါ အမေရိကန် အက်ပ်စတိုးတွေကနေ စနေနေ့နှောင်းပိုင်းမှာ ဖြုတ်ချလိုက်တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ စတင်သက်ရောက်တဲ့ဥပဒေအရ အမေရိကန်နိုင်ငံသား သန်း ၁၇၀ သုံးစွဲတဲ့ TikTok ကို ဇန်နဝါရီ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး ရောင်းရင်ရောင်း၊ မရောင်းရင်ပိတ်ရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၁၈ ရက်နေ့ ည ၁၁ နာရီကတည်းက TikTok ဘက်က ပိတ်ချလိုက်တာပဲ ဖြစ်ပါတယ်။
သမ္မတအဖြစ်ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ပ်ကတော့ သူ သမ္မတဖြစ်လာတဲ့ တနင်္လာနေ့မှာပဲ ပိတ်ပင်မှုကို ရက် ၉၀ ဆိုင်းငံ့ပြီး ယာယီဖွင့်ပေးထားဖို့ များတယ်လို့ ပြောထားပါတယ်။
TikTok က သုံးစွဲသူတွေဆီကို စနေနေ့ည ၁၀ နာရီ ၄၅ မိနစ်မှာ နောက်ဆုံးပို့ခဲ့တဲ့ မက်ဆေ့ဂျ်မှာတော့ “TikTok ကို ပိတ်တဲ့ဥပဒေကို အမေရိကန်မှာ ပြဋ္ဌာန်းထားပါတယ်။ ကံမကောင်းစွာနဲ့ဘဲ TikTok ကို အခုသုံးလို့မရတော့ပါဘူး။ ကံကောင်းတာကတော့ သမ္မတထရမ့်ပ်က သူတာဝန်ယူတာနဲ့ TikTok ကို ပြန်အသက်သွင်းပေးဖို့ ကျနော်တို့နဲ့အတူနည်းလမ်းရှာမယ် ပြောထားပါတယ်။ ဆက်စောင့်ကြည့်ပေးကြပါလို့” ဖော်ပြထားပါတယ်။
Source: Reuters