Home
နိုင်ငံတကာ
ကိုရီးယားကျွန်းဆွယ်ကို အမေရိကန်စစ်လေယာဉ်များ စေလွှတ်မှု မြောက်ကိုရီးယား ရှုတ်ချ
DVB
·
January 17, 2025
Photo-Reuters

အမေရိကန်ပြည်ထောင်စုက အခုလအတွင်း ကိုရီးယားကျွန်းဆွယ်ကို စစ်လေယာဉ်တွေ အကြိမ်ကြိမ် စေလွှတ်ခဲ့တဲ့အပြင် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ လေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာတွေအတွက် ပြစ်တင်ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူးကလီးယား ခြိမ်းခြောက်မှုကို ကိုင်တွယ်စီမံဖို့ ကြိုးပမ်းနေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား ပူးတွဲ နျူးကလီးယား အတိုင်ပင်ခံအဖွဲ့ (NCG) ကိုလည်း မြောက်ကိုရီးယားက ရှုတ်ချကြောင်း ဆိုပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ ကိုယ်ပိုင် ကာကွယ်ရေးအခွင့်အရေးကို အပြည့်အဝ ကျင့်သုံးခြင်းဖြင့် စစ်ရေးရန်စမှုတွေကို ပြင်းပြင်းထန်ထန် တားမြစ်မှာဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး KCNA က ဖော်ပြသွားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ နောက်ဆုံး NCG အစည်းအဝေးအတွင်းမှာ အမေရိကန်ပြည်ထောင်စုဟာ ကိုရီးယားကျွန်းဆွယ်ရှိ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို ပုံမှန်မြင်နိုင်စွမ်း မြှင့်တင်ဖို့ သူ့ရဲ့ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲကြေညာချက်အရ သိရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013