Home
နိုင်ငံတကာ
အမေရိကန်တွင် Tik Tok ပိတ်ရန် ပြင်ဆင်
DVB
·
January 16, 2025
Photo : Reuters

အမေရိကန်မှာ အသုံးပြုသူ သန်း ၁၇၀ ရှိတဲ့ ဆိုရှယ်မီဒီယာ Tik Tok ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပိတ်သိမ်းဖို့ စီစဉ်ကြောင်း အတွင်းသတင်းထွက်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

TikTok ကို download ထားပြီးတဲ့သူတွေကတော့ ဆက်ပြီး သုံးနိုင်မယ်လို့ ယူဆရပါတယ်။ ဥပဒေပါအချက်တွေအရ အမေရိကန်ကုမ္ပဏီတွေက Tik Tok နဲ့ ပတ်သက်တဲ့ ဖြန့်ချိပေးတာတွေ၊ ထိန်းသိမ်းတာတွေ၊ Updating လုပ်တာတွေနဲ့ ဝန်ဆောင်မှုပေးတာတွေကို ရပ်ဆိုင်းတာဖြစ်ပါတယ်။ 

ဝါရှင်တန်ပို့စ်ရဲ့ ဖော်ပြချက်အရ ဒေါ်နယ်ထရမ့်ပ် သမ္မတအဖြစ် တာဝန်ယူမယ့်ရက်မတိုင်မီ Tik Tok ပိတ်ပင်မှု စတင်မှာဖြစ်ပါတယ်။ 

ထရမ့်ပ်ကတော့ Tik Tok ကို ရက် ၆၀ ကနေ ၉၀ အထိ ပိတ်ပင်ဖို့ စဉ်းစားနေပေမဲ့ အဲဒီသတင်းစာမှာတော့ ဘယ်လိုဥပဒေတွေနဲ့ ကိုင်တွယ်မလဲဆိုတာ မဖော်ပြပါဘူး။ ထရမ့်ပ်အစိုးရအဖွဲ့ကတော့ Tik Tok ပိတ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေးတာမျိုးတော့ မရှိပါဘူး။

သူ တာဝန်ယူပြီးတဲ့နောက် ဒီကိစ္စကို နိုင်ငံရေးနဲ့ဆိုင်တဲ့ ဖြေရှင်းမှုတခုအဖြစ် ဆောင်ရွက်မယ်လို့ ပြောခဲ့ဖူးပါတယ်။

TikTok ပိုင်ရှင်ကုမ္ပဏီ Bytedance က အသုံးပြုသူတွေအနေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေအားလုံးကို Download လုပ်ထားဖို့ အစီအစဉ်ရှိတယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။

အမေရိကန်က TikTok ကို ပိတ်မယ်ဆိုရင် တခြားတိုင်းပြည်တွေက အသုံးပြုသူတွေကိုလည်း ထိခိုက်လာမှာဖြစ်ပါတယ်။

တကမ္ဘာလုံးမှာရှိတဲ့ Tik Tok အသုံးပြုသူတွေအတွက် ဆားဗစ်ပေးသူ ရာနဲ့ချီကလည်း အမေရိကန်နိုင်ငံမှာ ရှိနေတာဖြစ်လို့ သူတို့တွေအားလုံး လာမယ့်တနင်္ဂနွေနေ့မှာ ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013