
ရုရှားတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်း စစ်လေယာဉ်ကွင်းတွေ၊ မောင်းသူမဲ့လေယာဉ် (UAV) တပ်ဆင်၊ သိုလှောင်တဲ့ နေရာတွေ၊ ခဲယမ်းမီးကျောက် ဂိုဒေါင်တွေ အပါအဝင် ပစ်မှတ်တွေကို ပစ်ခတ်ထိမှန်ခဲ့ပြီး ရွာ ၂ ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
ရုရှားလေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့တွေက ယူကရိန်းလေတပ်က ဗုံးတလုံးနဲ့ HIMARS ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားခဲ့ပြီး UAV အများအပြားကိုလည်း ပစ်ချခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေက ရုရှားနိုင်ငံ ကာ့က်စ်ဒေသထဲက ယူကရိန်းပစ်မှတ်တွေကို ဆက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
တနင်္လာနေ့ မွန်းလွဲပိုင်းအထိ ရှေ့တန်းမှာ တိုက်ပွဲ ဒါဇင်များစွာ ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်က သတင်းထုတ်ပါတယ်။
ယူကရိန်းစစ်တပ်က ခါခိဗ်၊ ကူပျန့်စ်ခ်နဲ့ ပေါ့ခ်ရော့ဗ်စ်ခ် ဒေသတို့ဆီ ဦးတည်တဲ့ ဒေသတွေက ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ချေမှုန်းခဲ့ပါတယ်။
Source : Reuters