အိန္ဒိယ ဘာသာရေးပွဲတော်အတွင်း စခန်း ၁ ခု မီးလောင်
DVB
·
January 20, 2025
အိန္ဒိယနိုင်ငံ၊ ဥတ္တာပရာဒေ့ရှ်ပြည်နယ်၊ ဖရာယာဂရပ်ဂျ်မြို့က ကွန်းမေလာ ဘာသာရေးပွဲအတွင်း စခန်းတခုမှာ ဇန်နဝါရီ ၁၉ ရက်က အကြီးအကျယ် မီးလောင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက အကြီးဆုံး ဟိန္ဒူစာသား ထုတ်ဝေသူ လုပ်ငန်းတွေထဲက တခုဖြစ်တဲ့ ဂီတာ စာပေဖြန့်ချိရေးရဲ့တဲထဲမှာ မီးလောင်ခဲ့ပြီး တခြားတဲ ၁၀ လုံးအထိ ကူးစက်သွားခဲ့တယ်လို့ ANI သတင်းဌာနက ဖော်ပြပါတယ်။
၁၂ နှစ်တကြိမ် ကျင်းပတဲ့ မဟာကွန်းမေလာပွဲတော်ဟာ အိန္ဒိယလူမျိုးတွေနဲ့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ပေါင်း သန်း ၄၀၀ ကျော်ကို ဆွဲဆောင်ထားတာပါ။
Source : Reuters