ဘက်ဆစ်တပ်အသင်းရဲ့ စီမံကိန်းက မန်ယူအသင်းရဲ့ စီမံကိန်းလိုပဲ တူညီကြောင်း နည်းပြ ဆိုးလ်ရှားက ပြောသွားပါတယ်။
တူရကီကလပ် ဘက်ဆစ်တပ်နည်းပြအဖြစ် တရားဝင်စာချုပ် ချုပ်ဆိုပွဲအပြီးမှာ အသင်းရဲ့ စီမံကိန်းအပေါ် အသင်းဟောင်းမန်ယူအသင်းနဲ့ နှိုင်းယှဉ်ပြောပြသွားခဲ့တာပါ။
ဘက်ဆစ်တပ်အသင်းအနေနဲ့ မန်ယူအသင်းလိုပဲ တဆင့်ချင်းစီသွားရမှာဖြစ်ပြီး နိုင်ပွဲတွေ ရယူချင်တာ မှန်ပေမဲ့ အရှိတရားကို လက်ခံဖို့လည်း လိုအပ်ကြောင်း နည်းပြသစ်ဆိုးလ်ရှားက ပြောပါတယ်။
ကမ်းလှမ်းမှု အများအပြားကို ပယ်ချခဲ့ပြီး မန်ယူအသင်းလိုပဲ ဆိုးရွားတဲ့ အခြေအနေတွေကို ရပ်တန့်သွားဖို့ လိုအပ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။
ဆိုးလ်ရှားဟာ ဘက်ဆစ်တပ်နဲ့ ၁ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ထပ်တနှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။