မန်ယူနည်းပြဟောင်း ဆိုးလ်ရှားဟာ တူရကီကလပ် ဘက်ဆစ်တပ်အသင်းနည်းပြအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်မှာ မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ဆိုးလ်ရှားဟာ ၃ နှစ်ကျော်ကြာမှ နည်းပြလောကထဲ ပြန်ဝင်လာခဲ့တာပါ။
ဘက်ဆစ်တပ်နည်းပြအဖြစ် တာဝန်ပေးအပ်ခြင်းခံရတဲ့အပေါ် ဂုဏ်ယူမိပြီး အကောင်းဆုံး စွမ်းဆောင်ရည်ရရှိဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။
ဆိုးလ်ရှားဟာ ဖီနာဘာချီနည်းပြ မော်ရင်ညိုနဲ့လည်း ပြိုင်ဘက်တွေအဖြစ် ပြန်လည် တွေ့ဆုံခဲ့ကြမှာပါ။
ပွဲစဉ် ၁၈ အပြီးမှာ အဆင့် ၆ နေရာရောက်နေတဲ့ ဘက်ဆစ်တပ်အသင်းဟာ အဆင့်တစ်က ဂါလာတာစာရေးအသင်းနဲ့ ၂၁ မှတ်အထိ ကွာဟနေပါတယ်။
Photo: Reuters