မန်ယူအသင်းနည်းပြဟောင်းအိုလီဂမ်နာဆိုးလ်ရှားဟာ အိုင်ယာလန်အသင်းနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်လာပါတယ်။
နော်ဝေနည်းပြဟာ ၂၀၂၁ ခုနှစ်မှာ မန်ယူအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတာပါ။
အိုင်ယာလန်အသင်းဟာ နည်းပြစတီဗင်ကမ်နီနဲ့ လမ်းခွဲခဲ့တာကြောင့် နည်းပြသစ် တဦး ရှာဖွေနေတာဖြစ်ပြီး ဆိုးလ်ရှားက ရေပန်းအစားဆုံးဖြစ်လာခဲ့တာပါ။
နည်းပြဆိုးလ်ရှားအနေနဲ့ အိုင်ယာလန်နည်းပြရာထူးကို စိတ်ဝင်စားနိုင်ကြောင်းလည်း သတင်းတွေ မှာ ဖော်ပြပါတယ်။
ကမ္ဘာ့အဆင့် ၆၀ ရှိ အိုင်ယာလန်အသင်းရဲ့ နည်းပြဖြစ်လာနိုင်တဲ့ နည်းပြတွေထဲမှာ ဆိုးလ်ရှားအပြင် စတိဘရု၊ ဂျွန်အိုရှီးယားနဲ့ ရွိုင်ကိန်းတို့လည်း ပါဝင်နေပါတယ်။
Photo-Reuters