မန်ယူအသင်းမှာ ပွဲထွက်ခွင့်နည်းပါးနေတဲ့ ဘရာဇီးတောင်ပံကစားသမား အန်တိုနီဟာ စပိန်ကလပ် ရီးရဲလ်ဘက်တစ်အသင်းဆီ ပြောင်းရွှေ့ဖို့းနီးစပ်လာပါတယ်။
အန်တိုနီဟာ ပရီးမီးယားလိဂ်မှာ လူစားဝင်ကစားသမားအဖြစ်သာ မိနစ်အနည်းငယ် ပါဝင်ကစားနေရတာပါ။
ဒီအခြေအနေအပေါ် မပျော်မရွှင်ဖြစ်နေတဲ့ အန်တိုနီဟာ ဘက်တစ်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး နှစ်ဖက် အသင်းတွေကြားမှာ အပြီးသတ်ညှိနှိုင်းမှုသာ ကျန်ရှိတော့မှာပါ။
မန်ယူအသင်းဘက်က အန်တိုနီရဲ့ လုပ်ခထက်ဝက်ခန့်ကို ဆက်လက်ပေးချေသွားရမှာဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ အပြီးသတ်ဝယ်ယူခွင့် မပါဝင်ဘူးလို့ သိရပါတယ်။
တခြားတိုက်စစ်မှူးတယောက်ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာလည်း ဂျာမန်ကလပ် ဒေါ့မွန်အသင်းဆီ အငှားထွက်ကစားရဖို့ နီးစပ်နေပါတယ်။