Home
နိုင်ငံတကာ
ဂါဇာအပစ်ရပ်ရေးသဘောတူမှုအပေါ်  ပါလက်စတိုင်း ထောက်ခံသူများ အောင်ပွဲခံ
DVB
·
January 18, 2025
Photo-Reuters

အစ္စရေးနဲ့ ဟားမတ်စ်တို့ ဂါဇာမှာ အပစ်ရပ်ရေး သဘောတူညီမှုရပြီဖြစ်ကြောင်း ကြေညာမှုကြောင့် အီရန်နိုင်ငံမှာ ‌လမ်းမပေါ်ထွက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ 

တီဟီရန်အပါအဝင် အီရန်နိုင်ငံရဲ့ မြို့အများစုမှာ ပါလက်စတိုင်းထောက်ခံသူတွေက အောင်ပွဲခံခဲ့ တာပါ။ 

တီဟီရန်မြို့မှာ သောကြာနေ့မနက်က လူ ထောင်ပေါင်းများစွာ စုဝေးပြီး ပါလက်စတိုင်းနဲ့ အီရန် အလံတွေ ဝှေ့ယမ်းခဲ့ကြသလို တချို့ကလည်း အမေရိကန် ဆန့်ကျင်ရေး ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့တာတွေ့ရပါတယ်။ 

ဆန္ဒဖော်ထုတ်တဲ့သူတွေက အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်က ပါလက်စတိုင်း လူမျိုးတွေ ရဲ့ တွန်းလှန်နိုင်မှုရဲ့ ရလဒ်ဖြစ်သလို လက်ဘနွန်မှာရှိတဲ့ ဟားမတ်စ်နဲ့ဟစ်ဘိုလာတွေရဲ့ အင်အားကြောင့် လည်း ဖြစ်တယ်လို့ ပြောပါ တယ်။ 

အများစုကတော့ ဂါဇာမှာရှိတဲ့လူတွေအတွက် တည်ငြိမ်ပြီး လုံခြုံဖို့ လိုတယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ 

အီရန်တချို့ကတော့ ဂါဇာအပစ်အခတ်ရပ်ဆဲရေးဟာ အစ္စရေးတွေရဲ့ နည်းဗျူဟာတွေ ကျရှုံးမှုလို့ ရှု့မြင်ကြပါတယ်။ 

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှုရနေတဲ့ အစ္စရေးရဲ့ လုပ်ရပ်ကို ရှုတ်ချကြပြီး ဂါဇာကမ်းမြောင်မှာ ရာဇဝတ်မှုတွေဖြစ်စေသူအဖြစ် သတ်မှတ်ကြပါတယ်။ 

အီရန်နိုင်ငံကတော့ ပါလက်စတိုင်းတွေကို နိုင်ငံလွတ်မြောက်ရေးရတဲ့အထိ ဆက်ပြီး ထောက်ပံ့ ပေးမှာ ဖြစ်ပါတယ်။ 

ဂါဇာပဋိပက္ခ အဆုံးသတ်စေဖို့ အီဂျစ်၊ ကာတာ၊ အမေရိကန်တို့က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဓားစာခံတွေနဲ့ အကျဉ်းသား လဲလှယ်ဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ 

အပစ်အခတ်ရပ်ဆဲရေးဟာ တင်္ဂနွေနေ့မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကတည်းက စတင်ခဲ့တဲ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲကြောင့် ဂါဇာမှာရှိတဲ့ ပါလတ်စတိုင်း ၄၆၀၀၀ ကျော်သေဆုံးခဲ့ မကြုံစဖူး ပျက်ဆီးမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024