ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ အိုးအိမ်မဲ့မိသားစုတွေ ခိုလှုံနေတဲ့ တဲစခန်းတခုမှာ ဒီဇင်ဘာ ၂ ရက် အစောပိုင်းက အစ္စရေးလေကြောင်းတိုက်ခိုက်မှုတခုအတွင်း ပါလက်စတိုင်း ၁၀ ယောက်ထက်မနည်း သေဆုံးသွားခဲ့တယ်လို့ ဆေးမှူးတွေက ပြောပါတယ်။
အနောက်ပိုင်း ခန်ယိုးနစ်စ်ရှိ လူသားချင်း စာနာထောက်ထားမှုနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ အယ်လ်-မာဝါစီရှိ တဲတလုံးမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၁၀ ယောက် သေဆုံးခဲ့ပြီး လူ ၁၅ ယောက်လည်း ဒဏ်ရာရခဲ့ကြောင်း ဆေးဘက်ဆိုင်ရာက ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကတော့ ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုအတွင်း ဂါဇာရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် မာမွဒ် ဆာလားနဲ့ သူ့လက်ထောက် ဟက်ဆမ် ရှားဝမ်န်တို့ သေဆုံးသွားခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ရဲ့ အယ်လ်-အက်ခ်ဆာ ရုပ်သံက ဖော်ပြပါတယ်။
အစ္စရေးဟာ ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်း ၄၅,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း နယ်မြေ ကျန်းမာရေးအရာရှိတွေက ပြောကြားထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ လူပေါင်း ၂ ဒသမ ၃ သန်းထဲက အများစုဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
Source : Reuters