Home
နိုင်ငံတကာ
ထိုင်းနိုင်ငံက ယခုနှစ်တွင် ခရီးသွားဦးရေ သန်း ၄၀ လာရောက်ရန် ရည်မှန်း
DVB
·
January 17, 2025
Photo : CCTV, CGTN

ထိုင်းနိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ နိုင်ငံခြားခရီးသွား သန်း ၄၀ လာရောက်လည်ပတ်မယ်လို့ ရည်ရွယ်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ရည်ရွယ်ချက်မှာ တရုတ်ခရီးသွားတွေကို အဓိကဆွဲဆောင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ထိုင်းခရီးသွားအေးဂျင့် အဖွဲ့အစည်းဥက္ကဋ္ဌက ပြောပါတယ်။

ဇန်နဝါရီလကစပြီး လာရောက်လည်ပတ်သူတွေဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ထိုင်းသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေရှိတဲ့ အွန်လိုင်းကနေ e visa လျှောက်ထားနိုင်မှာဖြစ်ပြီး ငွေပေးချေမှုကိုလည်း အွန်လိုင်းကနေ‌ ပေးချေနိုင်ပြီလို့ ဖော်ပြပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၉၃ နိုင်ငံက ခရီးသွားတွေဟာ ထိုင်းနိုင်ငံမှာ ဗီဇာမလိုဘဲ ရက် ၆၀ နေထိုင်ခွင့်ရပြီ ဖြစ်ပါတယ်။

ဒါဟာ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့ရှိ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် အဓိကအချက် ဖြစ်ပါတယ်။

ခရီးသွားအာဏာပိုင်အဖွဲ့ TATက ထိုင်းနိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ခရီးသွားလုပ်ငန်းကနေ အနည်းဆုံး ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးလာမယ်လို့ ပစ်မှတ်ထားနေပါတယ်။ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၁၄ ဘီလီယံရဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ထိုင်းခရီးသွားအေးဂျင့် အဖွဲ့အစည်းဥက္ကဋ္ဌက တရုတ်ကမ္ဘာ့ရုပ်သံ (CGTN) နဲ့ သီးသန့်အင်တာဗျူးတခုမှာ ဗီဇာမလိုတော့တဲ့ ပေါ်လစီနဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံကြား ခရီးသွားလာမှုပုံစံကို ပြောင်းလဲနေတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သူက တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားဈေးကွက် ပြန်ကောင်းလာဖို့ အရမ်းအရေးပါတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ၂၀၂၄ ခုနှစ်မှာ နိုင်ငံခြားခရီးသွား ၃၅ ဒသမ ၅၃ သန်း လာရောက်ခဲ့တာက နှစ်အစအတွက် ၂၆ ဒသမ ၂၇ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်ခရီးသွားဈေးကွက်က အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံအတွက် အများဆုံး ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ၆ ဒသမ ၇၃ သန်း၊ မလေးရှား ၄ ဒသမ ၉၅ သန်းနဲ့ အိန္ဒိယက ၂ ဒသမ ၁၂ သန်း ထိုင်းနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ ၄၈ ဒသမ ၄၅ ဘီလီယံဝန်းကျင် ရခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃၄ ရာခိုင်နှုန်း တိုးတက်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024