လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်မှူးတယောက် ခေါ်ယူဖို့ ရှာဖွေနေတယ်လို့ အာဆင်နယ်နည်းပြ အာတေတာက အတည်ပြုပြောပါတယ်။
အာဆင်နယ်ဟာ ဇန်နဝါရီ ၁၆ ရက်က ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ထိပ်ဆုံးက လီဗာပူးထက် တပွဲပိုအခြေအနေမှာ ၄ မှတ်သာ ကွာဟတော့ တာပါ။
အားထားရတဲ့ တောင်ပံတိုက်စစ်မှူး ဘူကာရိုဆာကာနဲ့ လူငယ်ကြယ်ပွင့် အီသန်နွန်နရီအပြင် ဂါဘရီရယ်ဂျေဆုပါ ဒဏ်ရာထပ်ရသွားတာကြောင့် အာဆင်နယ်တိုက်စစ်ပိုင်းမှာ လူအင်အားနည်းပါးသွားတာပါ။
ဒီအခြေအနေကို နည်းပြအာတေတာက ထောက်ပြခဲ့ပြီး အလွန်အရေးပါတဲ့ကစားသမား ၂ ယောက်က အနားယူရမှာဖြစ်လို့ တိုက်စစ်မှူးတယောက် မဖြစ်မနေ ခေါ်ယူဖို့ ရှာဖွေနေကြောင်း၊ တခြားဒဏ်ရာရ ကစားသမားတွေလဲရှိနေလို့ ပထမအသင်း ကစားသမား ၁၄ ယောက် သာရှိကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
Photo-Reuters